About Serie

Myanmar CSS Beginner Series

ယခု CSS သင်ခန်းစာတွင် Web Developer တစ်ယောက်အနေဖြင့် သိသင့်သော CSS (property/value) များအကြောင်းကို ရှင်းပြထားခြင်း ဖြစ်ပါသည်။ Developer တစ်ယောက်အနေဖြင့် CSS ကို ပိုင်နိုင်ရန်အလွန်အရေးကြီးပါသည်။ သင်ခန်းစာများထဲတွင် CSS အခြေခံနှင့် ပတ်သတ်ပြီး လိုအပ်သော အချက်များကို အဓိကရှင်းပြထားခြင်း ဖြစ်ပါသည်။
  • Episodes
    episodes
  • Updated
    2021-08-17
  • Level
    Beginner
About Current Episode
13
CSS Text Outline
CSS outline style တွေမှာ dotted ၊ dashed ၊ solid လေးတွေလောက်ပဲ အသုံးများတာကို တွေ့ရမှာ ဖြစ်ပါတယ်။ link တွေ input တွေ button ခလုတ်တွေ အတွက် outline ဟာ အရေးပါလှ ပါတယ်။
  2021-08-25
  5:50
1
Introduction CSS
CSS ကို Cascading Style Sheet လို့ ခေါ်ဆိုနိုင်ပြီးတော့ HTML Structure နဲ့ ရေးသားထားတဲ့ HTML Elements တွေကို Design ပြုလုပ်ရာမှာ အသုံးပြုတဲ့ Style Language တစ်ခု ဖြစ်ပါတယ်။
  2021-08-26
  2:54
2
How CSS Run In Browser
ဒီ သင်ခန်းစာထဲမှာတော့ HTML ထဲမှာ CSS ကို ဘယ်လိုအလုပ်လုပ်သလဲ။ Browser ကကော CSS ကို ဘယ်လို ပြောင်းလဲပြီးတော့ Design ဖြစ်အောင်လုပ်လဲဆိုတာကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။ ဒီ သင်ခန်းစာတွေထဲမှာ တစ်လက်စတဲ့ HTML DOM အကြောင်းပါ သဘောသဘာ၀ သိအောင်ရှင်းပြထားခြင်း ဖြစ်ပါတယ်။
  2021-08-26
  4:29
3
CSS Syntax
Programming Language တိုင်းမှာ သူရဲ့ ရေးထုံးရေးနည်းလေးတွေ ရှိပါတယ်။ CSS မှာ လည်း ရေးသားပုံ Syntax တွေကို ဘယ်လိုရေးရမယ် ဘယ်နေရာတွေမှာ ရေးသားရမယ်ဆိုတာကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။ ဒီ သင်ခန်းစာမှာ CSS ရဲ့ selector ၊ property နဲ့ value တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
  2021-08-17
  3:53
4
Three Ways To Write CSS Style
CSS ကို HTML ထဲမှာ ဘယ်လိုထည့်သွင်းအသုံးပြုနိုင်သလဲဆိုတာကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။ CSS ကို HTML ထဲမှာ သုံးမျိုးရေးသားနိုင်ပြီးတော့ ဘယ်နေရာမှာပဲ ရေးရေး ရရှိတဲ့ result က အတူတူပဲ တွေ့ရမှာပါ။
  2021-08-17
  10:58
5
CSS Comments
Code တွေရေးသားရာမှာ comments လေးတွေထည့်သွင်းရေးသားခြင်းဟာ ကောင်းမွန်တဲ့ အလေ့အထားတစ်ခု ဖြစ်ပါတယ်။ CSS code တွေထဲမှာ notes မှတ်သားဖို့ဖြစ်ဖြစ်၊ ရေးသားထားတဲ့ CSS ကို အလုပ်မလုပ်စေချင်တဲ့အခါ ဖြစ်ဖြစ် CSS comments တွေကို အသုံးပြုနိုင်ပါတယ်။
  2021-08-17
  4:10
6
CSS Element Selector
CSS Selector တွေထဲကမှ Element Selectors ကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။ HTML tags တွေ style လုပ်ဖို့အတွက် tag name ကို အသုံးပြုပြီးတော့ ဘယ် elements ကို မဆို selector အနေနဲ့ အသုံးပြုကို style ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
  2021-08-17
  3:43
7
CSS Child Selector
Child Selector လေးတွေက လက်တွေ့ CSS ရေးတဲ့အချိန်မှာ အမြဲတမ်းသုံးဖြစ်မယ့် အရာတစ်ခု ဖြစ်ပါတယ်။ Child Selector ကို အသုံးပြုပြီးတော့ ID selector ဖြစ်ဖြစ် Class selector ဖြစ်ဖြစ် ဘယ်နေရာမှာ မဆိုအသုံးပြုနိုင်ပါတယ်။
  2021-08-17
  4:59
8
CSS ID And Class Attribute Selector
CSS အသုံးပြုတဲ့အခါ ကျွန်တော်တို့ ID selector ဖြစ်ဖြစ် Class selector ဖြစ်ဖြစ် နောက်ပိုင်းကျရင် အမြဲတမ်းလိုလို သုံးဖြစ်လာမှာပါ။ ID selector ကတော့ web page ပေါ်မှာ element တစ်ခုတည်းမှာ သာအသုံးပြုနိုင်တဲ့အတွက် အသုံးနည်းမှာ ဖြစ်ပေမယ် Class selector ကတော့ နေရာတိုင်းမှာ ထပ်ခါထပ်ခါ အသုံးပြုနိုင်တဲ့အတွက် ကျွန်တော်တို့ ခဏခဏ သုံးဖြစ်နေမှာ ဖြစ်ပါတယ်။
  2021-08-26
  8:03
9
Universal Selector
CSS universal selector ကို အသုံးပြုရင် ၎င်းနဲ့သက်ဆိုင်တဲ့ နေရာအားလုံးမှာ အကျိုးသက်ရောက်မှုရှိပါတယ်။ အဲဒါကြောင့် universal selector ကို အသုံးပြုတဲ့အခါ မိမိသတ်မှတ်တဲ့ Universal selector ရေးသားထားတဲ့ CSS တွေဟာ အမြဲတမ်းလိုလို အကျိုးသက်ရောက်မှုရှိနေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အသုံးပြုဖို့ လိုအပ်မှ သုံးတာက ပိုကောင်းပါတယ်။
  2021-08-17
  3:19
10
CSS Group Selector
CSS group selector က CSS တွေကို တစ်ပေါင်းတည်း ရေးသားလိုတဲ့အချိန်မျိုးမှာ အသုံးပြုပါတယ်။ group selector ဖြစ်တဲ့အတွက် class selector ဖြစ်ဖြစ် id selector ဖြစ်ဖြစ် element selector ဖြစ်ဖြစ် အကုန်လုံးကို တစ်ပေါင်းတည်းရေးသားနိုင်ပါတယ်။
  2021-08-17
  6:13
11
CSS Text Color, Direction, Letter Spacing, Word Spacing, And Text Indent
CSS မှာ text တွေကို style ပြုလုပ်တဲ့အခါ text တစ်ခုချင်းစီနဲ့ ပတ်သတ်ပြီး အရောင်တွေ စာလုံးအကွာအ၀ေးတွေ စာပိုဒ်တွေကို indent သတ်မှတ်တာတွေစတဲ့အချက်လေးတွေဟာ typography ပြုလုပ်တဲ့အခါ အသုံး၀င်တဲ့အပိုင်းလေးတွေ ဖြစ်ပါတယ်။
  2021-08-17
  10:38
12
CSS Text Decoration
CSS text decoration ကတော့ website တွေလုပ်ပြီးဆိုရင် အဓိက သတ်မှတ်ရတဲ့ CSS property တွေထဲမှာ ပါပါတယ်။ Global အနေနဲ့ text-decoration သတ်မှတ်လိုက်တာဟာ website တစ်ခုလုံးကို အကျိုးသက်ရောက်မှု တော်တော် ဖြစ်စေပါတယ်။ အထူးသဖြင့် text decoration ရေးတာစမှာသွားလို့ website တစ်ခုလုံး overwrite တွေလုပ်ပြီး ရေးသွားရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။
  2021-08-17
  12:05
13
CSS Text Outline
CSS outline style တွေမှာ dotted ၊ dashed ၊ solid လေးတွေလောက်ပဲ အသုံးများတာကို တွေ့ရမှာ ဖြစ်ပါတယ်။ link တွေ input တွေ button ခလုတ်တွေ အတွက် outline ဟာ အရေးပါလှ ပါတယ်။
  2021-08-25
  5:50
14
CSS Hyperlinks
Website မှာ CSS နဲ့ link ကို decoration လုပ်တာတွေဟာ အရမ်းကို အရေးပါလှပါတယ်။ အဲဒီတော့ Website တစ်ခု setup လုပ်တိုင်းမှာ link တစ်ခုကို hover လုပ်တဲ့အခါ ဘယ်လိုပုံစံလုပ်ချင်လဲ၊ visited လုပ်တဲ့အခါ ဘယ်လိုပုံစံ design လေးထားချင်လဲ၊ active ဖြစ်တဲ့အခါ ကော ဘယ်လိုပုံစံထားချင်လဲ ဆိုတဲ့အချက်လေးတွေကို လုပ်ဆောင်ရပါတယ်။
  2021-08-25
  7:40
15
CSS Font Family
Website အတွက် စာလုံး Design ၊ Typo လေးတွေကို လှအောင်လုပ်ဆောင်ဖို့အတွက်ကို CSS font family နဲ့ လုပ်ဆောင်လို့ရပါတယ်။ စာလုံး font family တွေကို စနစ်တကျ ထည့်ဖို့လည်း အရေးကြီးပါတယ်။ မဟုတ်ရင် Website တစ်ခုလည်း font-family တွေကို Element တိုင်းမှာ လိုက်ပြီးတော့ သတ်မှတ်ရတဲ့အနေအထားမျိုး ဖြစ်သွားနိုင်ပါတယ်။
  2021-08-25
  13:27
16
Sky Font Software Install
ဟိုအရင်တုန်းက မိမိစိတ်ကြိုက်စာလုံး fonts များကို Website ထဲမှာ ထည့်တဲ့အခါ စာလုံးfonts တွေကို စက်ထဲမှာ install လုပ်ပြီးထည့်သွင်းမှ သုံးလို့ရပါတယ်။ ကနေ့ခေတ်မှာတော့ အဲဒါတွေမလိုတော့ပါဘူး။ စာလုံး fonts တွေကို font software လေးတွေနဲ့ auto install တွေ auto update တွေ လုပ်ဆောင်နိုင်လာနေပါပြီ။
  2021-08-25
  7:01
17
CSS Font Properties
စာလုံး font တစ်ခုစီမှာ font styles တွေအများကြီးရှိပါတယ်။ အဲဒီအထဲကမှ မိမိ Website မှာ သုံးမယ့် စာလုံး fonts style ကို အသေအချာ သိဖို့ လိုအပ်ပါတယ်။ တစ်ချို့စာလုံး fonts တွေမှာလည်း style တစ်ခုပဲ ရှိတာမျိုးတွေလည်း ရှိပါတယ်။
  2021-08-25
  16:39
18
CSS Font Variant
စာလုံး font variant က browser တွေအကုန်လုံးမှာ အလုပ်မလုပ်သေးပေမယ် နောက်ပိုင်း browser တွေမှာ support ပေးလာနိုင်တဲ့ CSS property တစ်ခု ဖြစ်ပါတယ်။
  2021-08-25
  3:00
19
CSS Font Shorthand
စာလုံး fonts နဲ့ ပတ်သတ်ပြီး CSS properties တွေ အများကြီးရှိတော့ code line တွေ အများကြီးရေးနေတာထက် shorthand ရေးသားပုံက ပိုပြီးထိရောက်ပါတယ် အဲဒါကြောင့် shorthand ရေးသားပုံကို သဘောကျတဲ့သူတွေအနေနဲ့ဆိုရင် တော့ အသုံးဝင်မှာ ဖြစ်ပါတယ်။
  2021-08-25
  5:17
20
CSS Font Face
CSS နဲ့ မိမိ စိတ်ကြိုက်စာလုံးလေးတွေကို website ထဲမှာ ထည့်သွင်းဖို့အတွက်ဆိုရင် font-face ဆိုတဲ့ CSS property ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ font face တွေအတွက်လည်း ကိုယ်တိုင်လုပ်နေစရာမလိုပါဘူး online မှာ font face generator လေးတွေကလည်း ရှိပြီးသား ဖြစ်ပါတယ်။
  2021-08-25
  18:43
21
Font CDN
Website ကို launch လုပ်တဲ့အခါ fonts တို့ images တို့ကို မိမိ server မှာ တင်တာထက် CDN ( Content Delivery Network ) မှာ တင်က ပိုပြီးတော့ Website ကို မြန်ဆန်စေပါတယ်။ local မှာ develop လုပ်တဲ့အခါ တော့ စက်ထဲမှာ install လုပ်ပြီးသုံးပေမယ်၊ online ကို တင်တဲ့အချိန်မှာ images တို့ fonts တို့ကို တော့ CDN အနေနဲ့ သုံးသင့်ပါတယ်။
  2021-08-25
  8:33
22
CSS Value For Most Properties
CSS value တွေဟာ parent element property ကနေ child element property ကို ယူသုံးပိုင်ခွင့်ရှိပါတယ်။ တစ်ချို့အခြေအနေတွေမှာဆိုရင် parent element မှာ သုံးတဲ့အတိုင်း child element မှာ လာရောက်အကျိုးသက်ရောက်နေပါလိမ့်မယ်။ အဲဒါကို property inherited လို့ခေါ်ပါတယ်။
  2021-09-04
  8:20
23
CSS Color
CSS မှာ အရောင်တစ်ခုကို သတ်မှတ်တဲ့အခါ hash color code နဲ့ သတ်မှတ်မှ မဟုတ်ပါ မိမိစိတ်ကြိုက် သတ်မှတ်လို့ရပါတယ်။ တစ်ခါတစ်လေကျတော့ ဘယ်လိုအခြေအနေမှာ အရောင်ကို ဘယ်လိုသုံးရမယ်ဆိုတာကို မိမိကိုယ်တိုင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ် အခြေအနေတော်တော်များများမှာတော့ hash color code နဲ့အဆင်ပြေစေပါတယ်။
  2021-09-04
  8:08
24
CSS Background
CSS မှာ background ထည့်ပုံလေးတွေဟာ အရေးပါပါတယ်။ Background ကို အသုံးပြုတဲ့အခါ background size တွေကို အထူးသတိပြုရမှာ ဖြစ်ပါတယ်။ background size တွေအပေါ်မူတည်ပြီး အနေအထားအထားတွေ ပုံစံတွေ အမျိုးမျိုးပြောင်းပြီးတော့ လုပ်ဆောင်နိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
  2021-08-17
  13:42
25
CSS Opacity
CSS Opacity တွေကိုကတော့ element တစ်ခုကို မမြင်ရစေချင်တဲ့အခါ အသုံးပြုပါတယ်။ ဒီနေရာမှာ ဘယ်လောက်အတိုင်းအတာမြင်စေချင်တာလဲကို သတ်မှတ်နိုင်ပါတယ်။ ဥပမာ ပမာဏ တစ်၀က်လောက်ပဲမြင်စေချင်တယ်ဆိုရင် 0.5 တကယ်လို့ 0.25 ဆိုရင် ၎င်း element ကို လေးပုံတစ်ပုံလောက်သာ မြင်ရပါတော့မယ်။
  2021-08-17
  2:26
26
CSS Border Style
CSS border style တွေရဲ့ values တွေဟာ CSS property outline style အသုံးပြုတဲ့ပုံစံနဲ့ သဘောသဘာ၀အချင်းတူ ပါတယ်။ border style အမျိုးမျိုးထဲက solid, dashed, dotted, double တွေဟာ အသုံးများတဲ့ value တွေဖြစ်ပါတယ်။
  2021-08-17
  4:31
27
CSS Border Width
CSS border တွေအတွက် border width ကို border style တွေနဲ့တွဲသုံးနိုင်ပါတယ်။ ၎င်းအတွက်လည်း မိမိ လိုချင်တဲ့ sizes များကို သတ်မှတ်အသုံးပြုနိင်ပါတယ်။
  2021-08-17
  3:45
28
CSS Border Color
CSS border color တွေကိုတော့ border property တွေနဲ့အသုံးပြုနိုင်ပါတယ်။ border color များအတွက် အရောင်ကိုလည်း color Name ဖြစ်စေ၊ Hex ၊ RGB, RGBA, HSL, HSLA များကိုလည်း အသုံးပြုနိုင်ပါတယ်။
  2021-08-17
  3:48
29
CSS Border Shorthand & Sides
CSS border တွေကိုတော့ element တွေရဲ့ဘေးဘက်အနားလေးတွေကို ဖော်ပြဖို့အတွက် အဓိကအသုံးပြုပါတယ်။ border property တွေကို အသုံးပြုလို့ရတဲ့ နည်းလမ်းတော်တော်များများရှိပေမယ် မိမိပေးလိုတဲ့ border style အနေအထားကို လိုက်ပြီးအသုံးပြုနိုင်ပါတယ်။
  2021-08-17
  3:54
30
CSS Width & Height
CSS element တွေရဲ့ width နဲ့ height ကိုတော့ display:inline မဟုတ်တဲ့ element တော်တာ်များများမှာ အသုံးပြုနိုင်ပါတယ်။ သူ့ကိုအသုံးပြုတဲ့ရည်ရွယ်ချက်ကတော့ element တွေကို အကျယ်အ၀န်းတွေအတွက် အသုံးပြုပါတယ်။
  2021-08-17
  4:20
31
CSS Display Inline & Block
အများသောအားဖြင့် Element တစ်ခုကို CSS ရေးသားတဲ့အခါ Display CSS property ကို အသုံးပြုကြတာ များပါတယ်။ ဘာဖြစ်လို့ဆိုတော့ display ရဲ့ inline / inline-block / block တွေအပေါ်မူတည်ပြီး element အနေအထားကို ပုံစံတော်တော်ပြောင်းစေနိုင်ပါတယ်။ HTML element တိုင်းမှာတော့ browser default display inline ဖြစ်ဖြစ် block ဖြစ်ဖြစ် ပါတတ်ပါတယ်။
  2021-08-17
  9:06
32
CSS Display Inline, Inline Block & Block
CSS display value တွေရဲ့ ကွဲပြားခြားနားချက်များကို သိရှိနားလည်းဖို့အတွက် inline / inline-block / block တွေရဲ့ ခြားနားချက်များကို လေ့လာကြည့်ရအောင်ပါ။
  2021-08-17
  4:08
33
CSS Margin
CSS elements တွေရဲ့ ဘေးဘက်အကွာအ၀ေးတွေအတွက် margin property ကို အသုံးပြုနိုင်ပါတယ်။ margin property အသုံးပြုနည်းလမ်းအများကြီးရှိတဲ့တွက် လိုအပ်တဲ့နေရာများ လိုအပ်သလို့ margin shorthand အသုံးပြုတဲ့အခါ အသုံးပြုရတာတွေ ဘယ်ဘက် ညက်ဘက် စသဖြင့် တစ်ခုချင်းစီအတွက် အသုံးပြုတာတွေ အခြေအနေကို လိုက်ပြီး ရှိနိုင်ပါတယ်။
  2021-08-17
  6:15
34
CSS Padding
HTML element tag တစ်ခုရဲ့အတွင်းဘက်ကို spacing ကို အတိုးအလျော့လုပ်ချင်တဲ့အချိန်များမှာ အသုံးပြုပါတယ်။ padding ဟာ အပေါ်ကော၊ အောက်ကော၊ ဘယ်ညာတွေပါအလုပ်လုပ်ပါတယ်။ margin property နဲ့ ဆန့်ကျင်တာက padding က element အထဲကို အလုပ်လုပ်ပြီး margin က element ရဲ့အပြင်ဘက်ကို အလုပ်လုပ်တာ ဖြစ်ပါတယ်။
  2021-09-04
  7:53
35
CSS Units
CSS Units တွေအများကြီးရှိတဲ့အထဲက လိုအပ်တဲ့နေရာမှာ သင့်တော်တဲ့ unit တွေကို အသုံးပြုနိုင်ပါတယ်။ မိမိ စိတ်ကြိုက် unit ကို အသုံးပြုပြီး မိမိလိုချင်တဲ့ ရလာဒ်ကို လုပ်ယူနိုင်ပေမယ် အခြေအနေအပေါ်မူတည်ပြီး အသုံးပြုတဲ့ပုံစံ ကွာဟမူတွေ ရှိနိုင်ပါတယ်။
  2021-08-17
  4:26
36
CSS em Unit
CSS em unit ကတော့ အခုနောက်ပိုင်းမှာ အသုံးပြုတာနည်းပေမယ် သိထားသင့်တဲ့ Unit တစ်ခုဖြစ်ပါတယ်။ ၎င်းလုပ်ဆောင်ပုံက css code block ထဲမှာရှိတဲ့ font size အပေါ်မူတည်ပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ width, height, margin, padding နည်း တစ်ခြား အတိုင်းအတာ CSS rules တွေအကုန်လုံးဟာ သတ်မှတ်ထားတဲ့ selector code block ထဲက font-size အပေါ်မူတည်ပြီ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
  2021-08-17
  6:57
37
CSS REM Unit
REM unit က responsive website တွေကို လုပ်တဲ့အခါဖြစ်ဖြစ် website တစ်ခုလုံးရဲ့ Unit တွေကို standardize လုပ်ချင်တဲ့အခါဖြစ်ဖြစ်အရေးပါပါတယ်။ တစ်ချို့ Browser တွေမှာတော့ 1rem ကို 16px နဲ့ ညီမျှအောင် လုပ်ထားတာကို တွေ့ရှိရပါတယ်။
  2021-09-18
  9:14
38
CSS Percentage
ဟိုအရင်တုန်းကတော့ percentage နဲ့ unit ရေးသားပုံဟာ column တွေကိုခွဲတဲ့အခါဖြစ်ဖြစ် layout တွေကို ခွဲတဲ့အခါဖြစ်ဖြစ် တော်တော်အရေးပါခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ display flex CSS property တွေပေါ်လာပြီးနောက်ပိုင်း percentage ကို တစ်ခြားလို့တဲ့နေလေးတွေမှာပဲ အသုံးပြုကြပါတော့တယ်။ percentage က 100% ပေါ်မှာအခြခံတယ်ဆိုပေမယ်၊ 150% ၊ 200% စသဖြင့် သုံးတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။
  2021-09-18
  4:52
39
CSS List Style Type
<ul> <li> တွေအတွက် list-style လုပ်လို့ရတဲ့ ပုံစံတွေအမျိုးမျိုးရှိပါတယ်။ အထူးသဖြင့် order listing တွေအတွက် list item များကို မိမိစိတ်ကြိုက် နံပါတ်စဥ်ဖြင့် ဖြစ်စေ၊ alphabet ဖြင့် ဖြစ်စေ Roman Numbers များဖြင့် ဖြစ်စေစီမံနိုင်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။
  2021-09-18
  7:28
40
CSS List Style Types With Background Image
List style ကို style လုပ်တဲ့အခါ defualt ပါတဲ့ property တွေအပြင် list style တွေကို ဓါတ်ပုံတွေနဲ့လည်း ဖေါ်ပြလို့ရပါတယ်။
  2021-09-18
  7:01
41
Child Combinator
Child combinator selector တွေဟာ parent selector ထဲမှာ ထည့်လိုက်တဲ့ CSS style တွေကို child element တွေမှာ သူ့အလိုလိုအကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ child selector နှင့် parent selector ကြားမှာ greater than ( div > b ) ပုံစံကို အသုံးပြုပြီးတော့လည်း လုပ်ဆောင်နိုင်ပြီးတော့ တိကျတဲ့ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။
  2021-09-18
  5:07
42
CSS Table Style
HTML table တွေရဲ့ default browser style တွေကို မိမိစိတ်ကြိုက် လိုသလို ဖန်းတီးယူနိုင်တယ်ဆိုတာကို သိရှိရမှာ ဖြစ်ပါတယ်။ table တစ်ခုကို style လုပ်တဲ့အခါ table, tr, th, thead, tbody, td စတဲ့ HTML tags အကုန်လုံးကို CSS style ရေးသားနိုင်မှာ ဖြစ်ပါတယ်။
  2021-09-18
  8:29
43
Position Fixed
HTML element တစ်ခုကို webpage တစ်ခုမှာ မိမိစိတ်ကြိုက်နေရာမှာ ထားချင်တယ်ဆိုရင် position fixed ကိုအသုံးပြုနိုင်ပါတယ်။ position fixed ရေးသားထားတဲ့ HTML tag တွေမှာ z-index တွေကို အသုံးပြုပြီး တစ်ခုပေါ်တစ်ခုဆင့်နေအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
  2021-09-18
  5:14
44
CSS Position Center
Position fixed ဖြစ်ဖြစ် position absolute ဖြစ်ဖြစ် ပေးထားတဲ့ HTML tags တွေကို အလယ်တည့်တည့်မှာထားလိုလျှင် minus margin တွေကို အသုံးပြုပြီ လုပ်ယူလို့ရပါတယ်။
  2021-09-18
  4:46
45
CSS Position Relative Absolute
HTML tag တစ်ခုအထဲမှာရှိတဲ့ child element တွေကို မိမိစိတ်ကြိုက် အပေါ်၊ အောက်၊ အလယ်၊ ဘေးစတဲ့ ကြုိတဲ့နေရာရွေ့လိုတဲ့အခါ အသုံးပြုရပါတယ်။
  2021-09-18
  4:47
46
CSS Position Sticky
HTML tags တစ်ခုကို webpage တစ်ခုမှာ ကြည့်တဲ့အခါ scroll ခလုတ်ကိုအသုံးပြုပြီး ဘယ်လောက်ပဲ အောက်ကိုဆင်းဆင်း အဲဒီ element ကို မြင်ရစေချင်တယ်ဆိုရင် sticky CSS property ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
  2021-09-18
  5:08
47
CSS Float
CSS float ကို ဓါတ်ပုံနှင့် စာသားများကို ကပ်ပြီးတော့ ဖော်ပြချင်တဲ့အခါဖြစ်ဖြစ်၊ website ထဲမှာ layout တွေဖန်တီးပြီး ထည့်သွင်းလိုတဲ့အခါဖြစ်ဖြစ် အသုံးပြုပါတယ်။
  2021-09-18
  5:38
48
CSS Float Website Layout
Website တစ်ခုရဲ့ structure ကို ကြည့်ပြီးတော့ ဒီ website ကတော့ fixed layout ၊ full width layout ၊ with left sidebar ၊ with right sidebar ၊ both sidebar layout စသဖြင့် အမျိုးမျိုးခွဲခြားနိုင်မှာ ဖြစ်ပါတယ်။
  2021-09-18
  8:37
49
CSS Overflow
Overflow ကတော့ child element တစ်ခုဟာ parent element တစ်ခုရဲ့ သတ်မှတ်ထားတဲ့ width နဲ့ height ထက်ကျော်နေတယ်ဆိုရင် parent element မှာ overflow css property ကို ထဲပြီး ကျော်မကျော်ကို ဆုံးဖြတ်ပေးလို့ရပါတယ်။
  2021-09-18
  7:16
50
CSS Visibility
Element တစ်ခုမမြင်ရစေချင်ဘူးဆိုရင် visibility ကိုအသုံးပြုနိုင်ပါတယ်။ visibility ကမြင်ရပေမယ် ၎င်း element အတွက် နေရာတော့ ယူထားအုံးမှာ ဖြစ်ပါတယ်။
  2021-09-18
  2:47
အကူအညီသင်သိလိုသောအချက်များစည်းကမ်းသတ်မှတ်ချက်များအချက်အလက််မူဝါဒကျွန်တော့အကြောင်း