About Serie

Myanmar HTML Beginner Series

HTML beginner series သည် web development ကို စတင်လေ့လာမယ့် သူများအတွက် ရွယ်ရည်ထားသော သင်ခန်းစာများ ဖြစ်ပါသည်။ ယခုသင်ခန်းစာများတွင် Website တစ်ခုဖန်တီးရေးသားရာတွင် လိုအပ်သော HTML Elements tags များ၊ HTML တည်ဆောက်ပုံများ၊ HTML Elements အသုံးပြုပုံနည်းလမ်းများ စသည့်အချက်အလက်များကို ရှင်းပြထားခြင်းဖြစ်ပါသည်။
  • Episodes
    episodes
  • Updated
    2021-08-16
  • Level
    Beginner
About Current Episode
20
CSS Practise
CSS property အချို့ကို အသုံးပြုပြီး HTML Tags တွေကို ဘယ်လို Style လုပ်တယ်ဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။ HTML နဲ့ website ရဲ့ structure ကို ရေးသားပြီးတော့ CSS နဲ့ web page တစ်ခုကို အလှဆင်ဖို့ style တွေရေးသားမှာ ဖြစ်ပါတယ်။
  2021-08-17
  7:32
1
What is HTML
What is HTML? HTML is used to build website. HTML is not a programming language. Let's see how HTML structure would be.
  2021-08-16
  1:44
2
How HTML markup Language
HTML is not programming language. But, it is markup language. So, we would need to know what markup is and how it could use
  2021-08-17
  3:40
3
HTML Tags & Nested Tag
HTML Tags တွေကို ဘယ်လိုအမည်နာမတွေနဲ့ သုံးစွဲတယ်ဆိုတာကို ရှင်းပြထားခြင်းဖြစ်ပါတယ်။ HTML ကို လေ့လာတဲ့အချိန်မှာ HTML Nested Tag ၊ HTML Child Tag ၊ HTML Siblings Tag တွေကို သဘောသဘာ၀ကို နားလည်ဖို့လိုအပ်ပါတယ်။
  2021-08-17
  6:38
4
Browser And Code Editor
We would need browser and code editor to write HTML code. We would tell you some browsers and code editors those are popular now.
  2021-08-17
  3:03
5
Atom Code Editor
သင်ခန်းစာတွေအတွက် Atom Editor ကို အသုံးပြုမှာ ဖြစ်တဲ့အတွက် HTML မရေးခင် Atom editor ကို download လုပ်ထားဖို့လိုအပ်ပါတယ်။ နောက်သင်မယ့် သင်ခန်းစာတွေမစခင်မှာ Atom editor ကို အရင်ဆုံး download လုပ်ထားစေချင်ပါတယ်။
  2021-08-17
  1:39
6
HTML Elements
HTML စမရေးခင် HTML tag တွေရဲ့ လက်တွေ့ သဘောသဘာ၀ လေးတွေကို သိရှိနားလည်နိုင်ဖို့ အရေးကြီးပါတယ်။ Code editor မှာ HTML ကို ဘယ်လိုရေးရမလဲ browser မှာကောဘယ်လို ဖွင့်ရမလဲ စသဖြင့် အရေးကြီးတဲ့ အချက်လေးတွေကို သိရှိဖို့လိုအပ်ပါတယ်။
  2021-08-17
  12:40
7
HTML Attributes
Attributes ကတော့ HTML open tag မှာ နောက်ထပ်ဖြည့်စွက်ပြီး ၎င်း HTML tag နှင့် သက်ဆိုင်တဲ့ အချက်အလက်တွေကို ကြားညှပ်သုံးတာဖြစ်ပါတယ်။ ကျွန်တော်တို့ HTML tags တွေသုံးနေသမျှ Attributes တွေကခဏခဏသုံးနေရမှာပါ။
  2021-08-17
  15:52
8
HTML Heading
Website ရဲ့ စာမျက်နှာတွေမှာ ခေါင်းစီ ပိုင်းလေးတွေးမှာ ရေးသားချက်တွေအတွက် HTML Heading ကို အသုံးပြုပါတယ်။ HTML Heading Tag တွေက h1 ကနေ h6 အထိရှိပါတယ်။ အရေးကြီးတာက ဘယ်နေရာမှာ h1 ကိုသုံးရမယ် ဘယ်နေရာမှာ h2 ကို သုံးရမယ်ဆိုတာ ကို ဆုံးဖြတ်နိုင်ဖို့က အရေးကြီးပါတယ်။
  2021-08-17
  6:15
9
HTML-Paragraph
HTML မှာ စာပိုဒ်တွေရေးသားရာမှာ Paragraph ကို အသုံးပြုရမှာဖြစ်ပါတယ်။ စာပိုဒ်အတွက် tag ကို အသုံးပြုပြီးတော့ စာပိုဒ်ထဲမှာ spacing တို့ enter တို့က အလုပ်မလုပ်ပါဘူး။ အဲလိုအလုပ်မလုပ်တဲ့ အရာတွေအတွက် HTML paragraph က အဆင်ပြေ လုပ်ဆောင်လို့ရအောင် အခြား tag တွေနဲ့ စီမံထားပါတယ်။
  2021-08-17
  10:16
10
HTML Style
HTML Style က တော့ HTML content ထဲမှာပါတဲ့ text တွေကို formatting ပြုလုပ်လိုတဲ့အခါ အသုံးပြုပါတယ်။ ဥပမာ စာသားတစ်ခုကို အနီရောင်လုပ်ပြီး စောင်းစောင်းလေးထားတာတွေ နောက်ခံ အရောင်ပြောင်းတာတွေ စတဲ့ HTML tags တွေကို ပုံစံချတဲ့ နေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်။
  2021-08-17
  10:51
11
HTML Formatting
HTML Tags တွေကို formatting လုပ်ရင် HTML Style နိုင်ပြုလုပ်နိုင်တဲ့အပြင် HTML က သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ HTML Tags လေးတွေကို အသုံးပြုတာက HTML ရေးသားခြင်းကို ပိုမို မှန်ကန်စေပါတယ်။ မှန်ကန်တဲ့ HTML tags တွေကို အသုံးပြုချင်းဖြင့် Screen reader machine တို့က HTML ကို ပြသတဲ့အခါ အကြားအမြင်အာရုံ အားနည်းတဲ့ သူတွေကို အထောက်အကူ ဖြစ်စေပါတယ်။
  2021-08-17
  14:06
12
Code Editor For HTML
HTML တွေကို ရေးသားမှာ ပိုမိုမြန်ဆန်စေဖို့အတွက် Code Editor တွေရဲ့ တချို့ features လေးတွေကို သိရှိဖို့လိုအပ်ပါတယ်။ သင်ခန်းစာတွေမှာ တိုက်ဆိုင်တိုင်း အဲဒါလေးတွေကို ထည့်ပြောသွားမှာ ဖြစ်ပါတယ်။ အခု ဒီသင်ခန်းစာမှာလည်း HTMLရဲ့ auto complete အကြောင်းကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။
  2021-08-17
  8:52
13
HTML Quotations
HTML Quotations tags တွေကိုတော့ စကားပြော ရည်ညွှန်းပြောဆိုချက်တွေမှာ အသုံးပြုပါတယ်။ Quotations ပုံစံတွေ က website content မှာ ဖော်ပြတဲ့ နေရာလေးတွေကို လိုက်ပြီး ကွဲပြားခြားနားမှု လေးတွေရှိပါတယ်။
  2021-08-17
  9:49
14
HTML Comment
HTML စာမျက်နှာတွေမှာ code တွေဟာ lines ပေါင်းများစွာရှိနိုင်ပါတယ်။ အဲလောက်များတဲ့ code တွေထဲမှာ note မှတ်သားရာမှာ ဖြစ်ဖြစ်၊ မိမိ ရေးစားတဲ့ HTML မှာ တစ်ချို့ HTML tags လေးတွေကို အလုပ်မလုပ်စေချင်တဲ့ အချိန်မှာ HTML Comment နဲ့ ရေးသားနိုင်ပါတယ်။
  2021-08-17
  2:57
15
HTML Colors
HTML ထဲမှာ CSS တို့ကို အသုံးပြုသောအချိန်မှာ color အကြောင်းကို သိရှိဖို့လိုအပ်လာပါသည်။ အဲတော့ Color Types တွေထဲက Web အသုံးပြုတဲ့အခါ တွေရှိရတဲ့ RGB, RGBA, HSL, Hex အကြောင်းလေးတွေကို ကြည့်လိုက်ရအောင်။
  2021-08-17
  1:45
16
RGB & RGBA Colors
RGB နဲ့ RGBA အရောင်တွေက အနီ၊ အစိမ်း၊ အပြာ အပေါ်အခြေခံပြီး ဘယ်လိုအလုပ်လုပ်မလဲဆိိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ RGBA မှာ A က alpha/Opacity ကို ဆိုလိုတာ ဖြစ်ပြီး အရောင်တွေကို Opacity နည်းလေ နောက်ခံအရောင်ကို ပိုမိုမြင်ရလေ ဖြစ်ပါတယ်။
  2021-08-26
  8:41
17
Hex Colors
Hex က RGB နည်းတော့ တူတယ်ဆိုပေမယ်။ အသုံးပြုပုံ ကွာခြားခြင်းတွေရှိပါတယ်။ Hex color code ကို သိရင် RGB color code ကိုတွက်ချက်ယူလို့ ရပါတယ်။ Hex ကနေ RGB ကို ပြောင်းယူ တွက်ချက်နိုင်တဲ့ formula က ရှိပြီးသားပါ။
  2021-08-17
  9:28
18
HSL-Colors
HSL Color Type ကို တော့ web ထဲမှာ အသုံးပြုမှု နည်းပါတယ်။ ဒါပေမယ် ကျွန်တော်တို့ သူ့ရဲ့ color အသုံးပြုပုံကို အခြေခံလောက်ကို သိရှိထားဖို့ လိုအပ်ပါတယ်။ ဒါမှ HSL အသုံးပြုတာတွေ ကြုံတဲ့အခါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
  2021-08-17
  4:54
19
CSS
HTML ကို လေ့လာနေတာ ဆိုပေမယ် HTML သင်ခန်းစာထဲမှာ CSS ကို အနည်းအငယ် ထည့်သုံးသွားမှာ ဖြစ်ပါတယ်။ အဲတော့ CSS ဘယ်လိုရေးတယ်ဆို သိရှိဖို့လိုအပ်ပါတယ်။ အဲတော့ CSS ရေးသားနည်း (၃) မျိုးကို လေ့လာကြည့်ရအောင်။
  2021-08-17
  7:38
20
CSS Practise
CSS property အချို့ကို အသုံးပြုပြီး HTML Tags တွေကို ဘယ်လို Style လုပ်တယ်ဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။ HTML နဲ့ website ရဲ့ structure ကို ရေးသားပြီးတော့ CSS နဲ့ web page တစ်ခုကို အလှဆင်ဖို့ style တွေရေးသားမှာ ဖြစ်ပါတယ်။
  2021-08-17
  7:32
21
Hyperlink
Website တစ်ခုမှာ HTML Links တွေဟာ ထောင်သောင်းသိန်းပေါင်းများစွာ ရှိနေနိုင်ပါတယ်။ အဲဒါကြောင့် Links တွေဟာ website တွေအတွက် အရေးကြီးတဲ့ အခန်းကနေ ပါ၀င်ပါတယ်။ အဲတော့ ကျွန်တော်တို့ HTML Links လေးတွေကို ဘယ်လိုအသုံးပြုလဲကြည့်လိုက်ရအောင်။
  2021-08-17
  10:24
22
Anchor Tag Relative & Absolute URL
HTML Hyperlink တွေကို ထည့်တဲ့အခါ မိမိထည့်တဲ့လင့်က absolute path လား relative path လားဆိုတာကို သိရှိဖို့လိုပါတယ်။ Domain တစ်ခုတည်း Directory တစ်ခုတည်းမှာရှိတဲ့အချိန်မှာဆိုရင် Relative Path ကို အသုံးပြုတာ ပိုအဆင်ပြေစေ ပါတယ်။
  2021-08-17
  6:19
23
Hyperlink Color
HTML Hyperlinks တွေမှာ default အရောင်လေးတွေပါပါတယ်။ ဥပမာ Link ကို နှိပ်လိုက်ရင် ဘယ်အရောင်၊ Link ကိုနှိပ်ပြီးရင်ဘယ်အရောင်၊ မနှိပ်ရသေးရင်ကော ဘယ်အရောင်စသဖြင့် အရောင်လေးတွေပါပါတယ်။ အဲဒီ လင့် color လေးတွေကို css နဲ့ လိုချင်သလို customize လုပ်ယူနိုင်ပါတယ်။
  2021-08-17
  7:49
24
Link Bookmarks
HTML Hyperlinks နဲ့ HTML Attribute Id ကို အသုံးပြုပြီးတော့ Link တွေကို Bookmarks ပြုလုပ်နိုင်ပါတယ်။ Link တွေကို Bookmarks တွေနဲ့ ပြုလုပ်တဲ့နည်းလမ်းကို single page ( website content အကုန်လုံးကို (၁) မျက်နှာ တည်းနှင့် ဖော်ပြခြင်း ) များတွင် တွေ့ရှိိနိုင်ပါတယ်။
  2021-08-17
  5:38
25
HTML Images
Website တစ်ခုမှာ ဓါတ်ပုံတွေဟာ Website Content တွေကို ပြသရာမှာ ပိုမို ထိရောက်စေပါတယ်။ အဲတော့ ကျွန်တော်တို့ HTML ထဲမှာ ဓါတ်ပုံတွေကို ဘယ်လိုအသုံးပြုလဲ ဆိုတာကို ကြည့်လိုက်ရအောင်။
  2021-08-17
  7:23
26
Image Structure
ဓါတ်ပုံတွေကို စာသားတွေနဲ့ တွဲပြတဲ့အခါ screen reader တွေအတွက် ပိုမိုအဆင်ပြေစေဖို့အတွက် မှန်ကန်တဲ့ image caption tag လေးတွေအသုံးပြုနိုင်ဖို့ လိုပါတယ်။ နည်းလမ်း အမျိုးမျိုးနဲ့ ရေးသားလို့ရတာမှန်ပေမယ့် မှန်ကန်တဲ့ Tag ကို အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။
  2021-08-17
  7:08
27
Image Map
ဓါတ်ပုံတွေမှာ မြေပုံတွေကို မိမိလိုချင်တဲ့နေရာတွေမှာ လိုချင်သလို ဖန်တီးယူလို့ရပါတယ်။ အရေးကြီးတာ မြေပုံအဖြစ်မှတ်သတားလိုတဲ့ အဲဒီဓါတ်ပုံတွေရဲ့ x နဲ့ y တန်ဖိုးတွေကို သိရ တွက်ချက်လို့ရပါပြီ။ ဥပမာ ဓါတ်ပုံတစ်ပုံထဲမှာပါတဲ့ ပန်းသီးပုံပဲ ဖြစ်ဖြစ် ကွန်ပျူတာပုံပဲ ဖြစ်ဖြစ်လိုချင်တဲ့ ပုံကို select လုပ်ယူလို့ရပါတယ်။
  2021-08-17
  23:38
28
Image Background
ဓါတ်ပုံတွေကို အသုံးပြုပြီးတော့ Website စာမျက်နှာတွေမှာ နောက်ခံ အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ CSS ကို အသုံးပြုပြီးတော့ ဓါတ်ပုံဘယ်လို ထည့်ပြီး အသုံးပြုနိုင်တယ်ဆိုတာကို ပြသထားတာ ဖြစ်ပါတယ်။ CSS နဲ့ background ဘယ်လိုထည့်ပြီးအသုံးပြုပုံ အသေးစိတ်ကို CSS အခန်း မှာ ကြည့်ရှူနိုင်ပါတယ်။
  2021-08-17
  8:05
29
Picture & Source Tag
ဓါတ်ပုံတွေကို အသုံးပြုတဲ့အခါ ဘယ် screen ဘယ် device တွေမှာ ဘယ်ဓါတ်ပုံတွေပြမယ်ဆိုတာနဲ့ ပတ်သတ်ပြီး နဲ့ Tag ကို အသုံးပြုပါတယ်။ ဥပမာ မိမိ website ကို အသုံးပြုတဲ့ user က screen အသေးမှာ ကြည့်ရင် ဓါတ်ပုံအသေးကို ပြမယ် screen အကြီးမှာ ကြည့်ရင် ဓါတ်ပုံ အကြီးကို ပြမယ် စသဖြင့် လုပ်ဆောင်ချက်တွေအတွက် အသုံးပြုပါတယ်။
  2021-08-17
  9:59
30
HTML Table
HTML Table တွေကို ဇယားကွက်တွေကို ပြသရာမှာ အသုံးပြုပါတယ်။ HTML Tables ကို အကိုသုံးပြုပြီးတော့ Time table လုပ်မလား Billing Table လုပ်မလား Listing လုပ်မား မိမိ စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။
  2021-08-17
  9:48
31
Table Rowspan & Colspan
Table Rowspan နဲ့ Colspan တွေက ရှုပ်ထွေးတဲ့ rows နဲ့ columns စနစ်တွေနဲ့ တည်ဆောက်ထားတဲ့ စာရင်းဇယားတွေ ဇယားကွက်တွေကို ပေါင်းစပ်အသုံးပြုလိုတဲ့အခါ အသုံးပြုပါတယ်။
  2021-08-17
  8:02
32
Table Style
HTML Table တစ်ခုကို တည်ဆောက်ပြီဆိုရင် လှပသေသပ်စွာ ပုံဖော်နိုင်ဖို့လဲ အရေးကြီးပါတယ်။ HTML Default Table Style မှာ ဘာ Design မှ မပါ၀င်ပါဘူး။ အဲဒါကို ကျွန်တော်တို့က CSS နည်းပညာအကူအညီနဲ့ လှပတဲ့ Design လေးတွေ ဖန်တီးယူလို့ရပါတယ်။
  2021-08-17
  6:27
33
HTML Lists
HTML List တွေဟာ web page တွေမှာ အမြဲတွေ့နေရမယ် elements တွေဖြစ်ပါတယ်။ List တွေနဲ့ ပတ်သတ်ပြီးတော့ order list နံပါတ်တွေနဲ့စီတာ၊ unorder list နံပါတ်တွေမပါပဲ စီတာ၊ Description list ဖော်ပြချက်တွေနဲ့ စီတာ စသဖြင့် ခွဲခြားသတ်မှတ်နိုင်ပါတယ်။ List tags တစ်ခုချင်းစီက သူ့နေရာနဲ့ သူအသုံးပြုပုံလေးတွေကို ကြည့်လိုက်ကြပါစို့။
  2021-08-17
  7:02
34
Description List
Description List HTML tags တွေက လက်တွေ့မှာ အသုံးပြုတာနည်းပေမယ်။ တစ်ချို့သော ဖော်ပြချက်တွေကို ဒီ tag လေးအသုံးပြုပြီး ဖြေရှင်းလို့ရပါတယ်။ ဖော်ပြချက် အနေအထားပေါ် မူတည်ပြီ ဒီ tag တွေကို အသုံးပြုသင့် ပါတယ်။
  2021-08-17
  4:47
35
Order List
HTML Order List Tag က တော့ နံပါတ်တွေအသုံးပြုပြီး ဖော်ပြလိုတဲ့ list တွေအတွက်အသုံးပြုနိုင်ပါတယ်။ Order List တွေဟာ list တစ်ခုထဲမှာ တစ်ခု ၀င်ရောက်ရေးသားနိုင်ပြီး ရေးသားတဲ့အခါ li (List Item ) ထဲမှာ ၀င်ရောက်ရေးသားနိုင် ပါသည်။ ပြီးတော့ Order list ဆိုတဲ့အတိုင်း နံပါတ်တွေကို ဘယ်ကနေစီချင်တာလဲ ၁ ကနေလား ၁၀ ကနေလား စသဖြင့် လိုအပ်သလို စီစဥ်နိုင်ပါတယ်။
  2021-08-17
  4:54
36
Unorder List
HTML Unorder List tag တွေက တော့ Order list tag တွေနဲ့ ကွဲပြားသွားတာ နံပါတ်စဥ် အစီလိုက်တာ မပါတာ တစ်ခုကလွဲရင် ကျန်တဲ့လုပ်ဆောင်ချက်တွေ အကုန်နီးပါးကို order list tag မှာ ပါတဲ့အတိုင်း လုပ်ဆောင်နိုင်ပါတယ်။ နံပါတ်တွေနဲ့ အစီစဥ်တကျ မပြသနိုင်ပေမယ် တခြား ပုံစံတွေနဲ့ list ပုံစံလေး ပေါ်လွင်အောင် ပြသနိုင်ပါတယ်။
  2021-08-17
  5:20
37
HTML Block & Inline
HTML မှာ block နဲ့ Inline ကို သိရှိဖို့က အရေးကြီးတဲ့ ကိစ္စ တစ်ခု ဖြစ်ပါတယ်။ Inline နဲ့ Block ကို ခွဲခြားနိုင်မှာ CSS ရေးတဲ့ အခါ ထိရောက်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ HTML tag တွေမှာ inline နဲ့ block အကြောင်းကို ပြောတဲ့အခါ div နဲ့ span tag တွေကို လည်း သိရှိဖို့လိုအပ်ပါတယ်။ ၎င်း tag နှစ်ခုက browser ပေါ်မှာ ပြသတဲ့အခါ ဘာ CSS style မှ မပါပဲ အလုပ်လုပ်ဆောင်နိုင်တဲ့အတွက် ဖြစ်ပါတယ်။
  2021-08-17
  8:55
38
HTML Class Attributes
HTML Class Attributes တွေက နောက်ပိုင်း code တွေ ရေးလာတဲ့အခါ အမြဲတမ်း အသုံးပြုနေရမယ် အရာဖြစ် ပါတယ်။ Class Attributes တွေကို CSS တွေရေးသားတာ ဖြစ်ဖြစ် Javascript တွေရေးသားတာ ဖြစ်ဖြစ် အဲလိုနေရာတွေမှာ တော်တော်အသုံး၀င်ပါတယ်။
  2021-08-17
  10:17
39
HTML Id Attributes
Id attributes အသုံးပြုပုံက Class attributes အသုံးပြုပုံနဲ့ သိပ်အများကြီး ကွဲလွဲချက်တော့မရှိပါဘူး။ Id attributes ကို အသုံးပြုတဲ့အခါ HTML Tag တစ်ခု ကို Id တစ်ခုပဲ ကြည်ညာလို့ရတာရယ် id ဆိုတဲ့အတိုင်း unique ဖြစ်ရမှာရယ် စတဲ့အချက်လေးတွေကို သိရှိဖို့ လိုအပ်ပါတယ်။
  2021-08-17
  10:40
40
HTML Iframe
HTML ထဲမှာ iframe အသုံးပြုမှုက တော်တော်အသုံး၀င်တယ်လို့ ပြောလို့ရပါတယ်။ Youtubeထဲက video ကို ifame အနေနဲ့ လာပြတာ ဖြစ်ဖြစ် soundcloud ထဲက သီချင်းကို iframe အနေနဲ့ HTML ထဲမှာ အသုံးပြုတာဖြစ်ဖြစ် ဘယ် iframe ကို မဆို web page ထဲမှာ အသုံးပြုနိုင်ပါတယ်။
  2021-08-17
  8:53
41
A Link With Iframe
HTML ထဲမှာ Link တွေကို ထည့်တဲ့အခါ href နဲ့ target တို့မှာ ထည့်တဲ့ value အမျိုးအစားတွေအပေါ်မူတည်ပြီး Link ရဲ့ လုပ်ဆောင်ပုံလေးတွေက တစ်ခုနဲ့တစ်ခု ကွဲပြားမှု ရှိပါတယ်။ ဒီလိုအခြေခံကျတဲ့ အချက်လေးတွေကို ရနေဖို့ လိုအပ်ပါတယ်။
  2021-08-25
  7:03
42
HTML Javascript
HTML Series ထဲမှာ တော့ Javascript အကြောင်းကို အများကြီး မရှင်းပြလိုပါဘူး။ ဒါပေမယ် ဒီနေရာမှာတော့ HTML မှာ Javascript ကို ဘယ်လိုအသုံးပြုနိုင်လဲ ဘာတွေအတွက် Javascript က အသုံး၀င်သလဲဆိုတာကို သိရှိရင်ရပါပြီ။ Javascript ရေးနည်းရေးဟန်လေးတွေကို Javascript အခန်း ရောက်တဲ့ အချိန်မှာ ဆက်လက်ပြီး လေ့လာနိုင်ပါတယ်။
  2021-08-18
  11:01
43
HTML File Path
HTML Code တွေထဲမှာ Links တွေ file path တွေကို ထည့်တဲ့အခါ file နဲ့ links တွေရဲ့ တည်နေရာတွေအပေါ် မူတည်ပြီး ပြောင်းလဲ ရွေးချယ်သတ်မှတ်ရပါတယ်။ Path တွေနဲ့ ပတ်သတ်ရင် လေးမျိုးရှိပြီး ၎င်းတို့မှာ absolute path, relative path, child directory path, parent directory path တို့ ဖြစ်ပါတယ်။
  2021-08-18
  10:01
44
HTML Head Tag
HTML Head Tags တွေကို သတ်မှတ်တဲ့အခါ head tag အဖွင့် အပိတ် ကြားမှာ website နဲ့ပတ်သတ်ပြီး ဘယ် information တွေကို အသုံးပြုနိင်တယ်။ head tags ထဲမှာ ထည့်လို့ရတဲ့ HTML tags တွေက website နဲ့ ပတ်သတ်ပြီး ဘာတွေကို ပြောင်းလဲစေတယ် ဆိုတဲ့ အချက်လေးတွေကို လေ့လာရမှာ ဖြစ်ပါတယ်။
  2021-08-18
  27:49
45
HTML HTTP Response Header Equivalent
Equivalent meta tag ဟာ Website တွေကို Server ပေါ်က Request လုပ်တဲ့အချိန်မှာ Server မှာ သတ်မှတ်လို့ရတဲ့ တစ်ချို့သော HTTP Request Information တွေကို Equivalent meta tag ကို အသုံးပြုပြီးတော့ သတ်မှတ်နိုင်ပါတယ်။ Equivalent meta က တစ်ချို့သော browser လေးတွေမှာ အလုပ်မလုပ်တာလေးတွေတော့ ရှိတတ်ပါတယ်.
  2021-08-18
  13:43
46
HTML Meta Viewport
HTML meta viewport က website တစ်ခုကို screen ပေါ်မှာ ကြည့်တဲ့အခါ မိမိ ရောက်နေတဲ့ screen devices တွေအပေါ်မူတည်ပြီး website screen width ၊ height နဲ့ zoom scale လုပ်နိုင်မူတွေအတွက် အသုံး၀င်ပါတယ်။ Responsive website တွေလုပ်ဆောင်နေတဲ့ ဒီနေ့လို ခေတ်မျိုးမှာ ဒီ meta tag က အရမ်းအရေးပါပြီ သုံးသင့်ပါတယ်။
  2021-08-18
  14:01
47
HTML Website Layout
HTML website layout ဆိုတာက web page စာမျက်နှာ တစ်ခုချင်းစီမှာ သူတို့ရဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းတွေအတွက် သက်ဆိုင်ရာ HTML Tags တွေကို အသုံးပြုနိုင်ပါတယ်။ HTML5 မှာ တော့ tags အသစ်တော်တော်များများ ပါ၀င်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
  2021-08-18
  12:51
48
HTML Responsive
HTML Responsive ကတော့ အခုနောက်ပိုင်း website တွေလုပ်ရင် မပါမဖြစ်လုပ်ဆောင်ရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ လူတွေက Website တွေကို ဖုန်းနှင့် တခြားသော devices တွေပေါ်ကနေ အမြဲကြည့်လာကြတော့ Website တစ်ခုမှာ Mobile Responsive တို့ဆိုတာ အရမ်းအရေးပါလာပါတယ်။
  2021-08-18
  11:24
49
HTML Computer Code
HTML ထဲမှာ computer code တွေထည့်သွင်း ဖော်ပြချင်း web development လုပ်လာတဲ့အချိန်မှာ ရန်ဖန်ရန်ခါ ကြံရပါတယ်။ အဲလို computer code တွေကို မှန်မှန်ကန်ကန် ဖော်ပြနိုင်ဖို့အတွက် computer နဲ့ ဆိုတဲ့ HTML tags လေးတွေရှိပါတယ်။ ၎င်း HTML tags လေးတွေကို လက်တွေ့ ဘယ်လိုအသုံးပြုလဲဆိုတာကို ကြည့်ကြပါစို့။
  2021-08-18
  14:21
50
HTML Semantic
HTML Semantic ဆိုတာကတော့ Web Page တွေရေးသားရာမှာ အဓိပ္ပယ်ရှိတဲ့ tags လေးတွေကို အသုံးပြုချင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ Result တစ်ခုရဖို့အတွက် div tag ကို အသုံးပြုလိုက်လို့ရပေမယ်၊ Header ၊ Footer ၊ Navigation ၊ Article စသဖြင့် တစ်ခုချင်းစီအတွက် လုပ်ဆောင်တဲ့အခါ သက်ဆိုင်ရာနေရာမှာ သက်ဆိုင်ရာ အဓိပ္ပယ်ရှိတဲ့ HTML tags တွေကို အသုံးပြုသင့်ပါတယ်။
  2021-08-18
  13:54
51
HTML Style Guidelines
HTML ရေးသားရာမှာ developers တော်တော်များများအသုံးပြုကြတဲ့ style guidelines လေးတွေရှိပါတယ်။ HTML tags တွေကို ဘယ်လိုရေးသားရမယ် Attributes တွေကို ဘယ်လို သတ်မှတ်ရမယ်၊ ဓာတ်ပုံတွေကိုကော ဘယ်လိုသတ်မှတ်ရမယ် စသဖြင့် အချက်လေးတွေကို သိရှိရမှာဖြစ်ပါတယ်။ HTML style guidelines တွေက developer တစ်ယောက်ချင်းစီ ကွဲလွဲမှုတွေရှိပေမယ် developer အများစု အသုံးပြုပုံကို ကြည့်လိုက်ရအောင်။
  2021-08-18
  15:44
52
HTML Entities Character Symbols
HTML Entities Character Symbols များသည် code ထဲတွင် ရေးသားမှု အဆင်မပြေသော Character များ Symbols များကို UTF-8 တွင် အသင့်ပါရှိသော character များအပေါ်အခြခံပြီး မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ရှင်းပြပေးထားခြင်း ဖြစ်ပါသည်။
  2021-08-18
  9:09
53
HTML Emoji
HTML Emoji များသည် UTF-8 character type အမျိုးအစားတွင် အသင့်ပါရှိသော emoji များ ဖြစ်ပါသည်။ Emoji ကို အသုံးပြုရန်အတွက် Emoji တစ်ခုချင်းစီရဲ့ သက်ဆိုင်ရာ Hex တန်ဖိုးကို သိရှိရန် လိုအပ်ပါသည်။ ၎င်းအတွက် emoji များကို မည်သို့ရှာဖွေပြီး မည်ကဲ့သို့ ပြောင်းလဲ အသုံးပြုနိုင်သည်ကို ရှင်းပြထားခြင်း ဖြစ်ပါသည်။
  2021-08-18
  7:02
54
Form Introduction
Form input fields များဟာ website မှာ data အချက်အလက်များကို စီမံရာမှာ အရေးပါပါတယ်။ Website တစ်ခုမှာ အနည်းဆုံး Form တစ်ခုလောက်အနည်းဆုံးပါတတ်ပါတယ်။ ထည့်ရမယ် data အချက်အလက်တွေအပေါ်မူတည်ပြီး မတူကွဲပြားသော fields များကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အခုသင်ခန်းစာမှာ Form input များအကြောင်းကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။
  2021-08-23
  3:05
55
Form Attribute Action
Form field တွေမှာ support ပေးတဲ့ attributes လေးတွေပါတတ်ပါတယ်။ Default ပါတယ် attributes တွေကိုအသုံးပြုချင်းက development time မှာ ပိုမြန်ဆန်စေပါတယ်။ Form ထဲမှာ လည်း မိမိ Data ကို ဘယ်လိုပုံစံနဲ့ပို့စေချင်လဲဆိုတာကို form action ထဲမှာ ရွေးနိုင်ပါသေးသည်။
  2021-08-23
  10:10
56
Form Method & Autocomplete
HTML form တွေမှာ autocomplete တွေဟာ User တွေအတွက် Form အချက်အလက်များဖြည့်သွင်းရာမှာ အရမ်းကို အရေးပါပါတယ်။ autocomplete attributes ကို ထည့်ပေးလိုက်တာနဲ့ Browser မှာ User က ကြိုတင်သိမ်းဆည်းထားတဲ့ user ရဲ့ အချက်အလက်လေးတွေကို form အတွက် auto ဖြည့်ပေးမှာ ဖြစ်ပါတယ်။
  2021-08-25
  8:39
57
HTML Form Attribute Targets
HTML Form Tags ထဲမျာ လက်တွေအလုပ်တွေအတွက် အသုံး၀င်တဲ့ Attribute လေးတွေရှိပါတယ်။ ဥပမာ form တစ်ခုမှာ ဖြည့်လိုက်တဲ့ Data ကို server ကို ပို့တဲ့အချိန်မှာ ဆိုရင် action နဲ့ မိမိ ပို့လိုတဲ့ နေရာကို သတ်မှတ်နိုင်ပါတယ်။ ပြီးတော့ ပို့တဲ့အချက်အလက်ကိုလည်း အခြေအနေအပေါ်မူတည်ပြီး method တွေကို သတ်မှတ်နိုင်ပါတယ်။ ဥပမာ user ကို မြင်ခွင့်ပေးမယ် အချက်အလက်ဆိုရင် get method အကို အသုံးပြုပြီတော့ပိုနိုင်သလို မမြင်စေချင်ဘူးရင် post method ဖြင့်လည်းကောင်း စသဖြင့် ပိုမယ့် Data အချက်အလက်ပေါ်မူတည်ပြီး တစ်ခြား method တွေကိုလည်း ရွေးနိုင်ပါတယ်။
  2021-08-18
  2:35
58
HTML Form Elements
HTML Form Tags ဟာ input fields တို့ textarea တို့ သတ်မှတ်တဲ့အခါ Parents tags အနေနဲ့ အသုံးပြုကြတာကို တွေရမှာ ဖြစ်ပါတယ်။ Form Tag တွေကို JavaScript framework တွေအသုံးပြုတာမှာ မထည့်ကြတော့ပေမယ် best practice အနေနဲ့ ကျွန်တော်ကတော့ ထည့်သုံးဖြစ်ပါတယ်။
  2021-08-18
  22:05
59
HTML Input Types Part-1
HTML Input တွေဟာ အမျိုးအစားအလိုက် သက်ဆိုင်ရာနေရာတွေမှာ သက်ဆိုင်ရာ Input တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ နေ့စွဲ အနေအထားအတွက် Date input field ကို အသုံးပြုနိုင်သလို ကိန်းဂဏန်းများအတွက် Number Input field စသဖြင့် Input field အမျိုးမျိုးအသုံးပြုပုံကို တွေရှိရမှာ ဖြစ်ပါတယ်။
  2021-08-18
  13:38
60
HTML Input Type - Checkbox & Radio
HTML Input ထဲက Checkbox နဲ့ Radio field လေးတွေဟာ form တစ်ခုမှာ ရွေးချယ်မှုဆိုင်ရာ အချက်အလက်တွေအတွက် အသုံးပြုပါတယ်။ ဥပမာ နှစ်ခုထဲကနေ တစ်ခုကို ရွေးရမယ့် အနေအထားတွေ သုံးခုထဲမှ တစ်ခုကို ရွေးရမယ့် အနေအထားတွေအတွက် Radio input ကို အသုံးပြုပါတယ်။ ရွေးချယ်မှုအများအတွက်ဆိုရင်တော့ checkbox input field ကို အသုံးပြုနိုင်ပါတယ်။
  2021-08-18
  10:54
61
HTML Input Type - Number & Date
HTML Input တွေရဲ့ အမျိုးအစားတွေထဲမှာ Number နဲ့ Date field လေးတွေကို အသုံးပြုခြင်းဖြင့် မိမိလက်ခံမယ် Data ကို Number နဲ့ Date ဖြစ်မှာ လက်ခံနိုင်မယ်လို့ ကန်သတ်လိုက်ချင်း ဖြစ်ပါတယ်။ ဒါမှ user က form ဖြည့်တဲ့အခါ Date နဲ့ Number မှ ထည့်လို့ရမယ်လို့ ကန့်သတ်လိုက်ခြင်း ဖြစ်ပါတယ်။
  2021-08-18
  6:22
62
HTML Input Attributes
HTML Input တွေအတွက် Attributes တွေဟာ လက်တွေ့မှာ အခြေအနေအချို့အတွက် အရေးပါပါတယ်။ ဥပမာ input field တစ်ခုမှာ email မှ လက်ခံမှာတို့ Link ဖြစ်မှ လက်ခံမယ် စသဖြင့် Form တစ်ခုမှာ လက်ခံမယ် Data ကို စစ်ထုတ်တဲ့ နေရာတွေမှာ Javascript ရဲ့ အကူအညီ မယူပဲ လုပ်ဆောင်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။
  2021-08-30
  8:55
အကူအညီသင်သိလိုသောအချက်များစည်းကမ်းသတ်မှတ်ချက်များအချက်အလက််မူဝါဒကျွန်တော့အကြောင်း