About Serie

Myanmar JavaScript Beginner Series

ဒီ JavaScript Basic Course လေးကတော့ HTML နဲ့ CSS ကို လေ့လာဖူးပြီးသားသူတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားပေးတာ ဖြစ်ပါတယ်။ အခု Series များ JavaScript နဲ့ ပတ်သတ်ပြီး language အခြေခံလေးတွေကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။ အခု Series ကို လေ့လာလိုက်လို့ JavaScript နဲ့ အခုချက်ချင်း Application ရေးနိုင်မှာ မဟုတ်ပေမယ် JavaScript အတွက် အခြေခံလေးတွေရသွားမှာတော့ သေချာပါတယ်။
  • Episodes
    episodes
  • Updated
    2021-09-27
  • Level
    Beginner
About Current Episode
24
JavaScript Backtick
JavaScript String ကို backtick နဲ့ ရေးသားပုံကိုရှင်းပြထားခြင်း ဖြစ်ပါတယ်။ backtick feature က ES6 မှာပါလာတာဖြစ်ပါတယ်။ အဲဒါကြောင့် ES6 ကို support မပေးတဲ့ browser တွေကတော့ အလုပ်လုပ်မှာမဟုတ်ပါဘူး။
  2021-09-22
  4:59
1
JavaScript Basic Course Introduction
ဒီ Series မှာ JavaScript နဲ့ ပတ်သတ်ပြီး ဘာတွေသင်ကြားပေးမလဲဆိုတာကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။ JavaScript ကိုလေ့လာဖို့အတွက် HTML နဲ့ CSS ကို သိထားရင် ပိုအဆင်ပြေပါတယ်။
  free
  2021-09-27
  1:23
2
How To Add JavaScript In HTML
JavaScript ကို HTML ထဲမှာ ဘယ်လိုထည့်ရမယ်ဆိုတဲ့ နည်းလေးလေးတွေကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။ JavaScript code ကို inline အနေနဲ့ထည့်ရမလား external ဖိုင်အနေနဲ့ထည့်ရမလားဆိုတာကို မိမိရဲ့ Application အခြေအနေအပေါ်မူတည်ပြီး ဆုံးဖြတ်သင့်ပါတယ်။
  2021-08-20
  5:12
3
JavaScript Statement
JavaScript statement တွေက ဘယ်လိုပုံစံလေးတွေရှိတတ်တယ် ဆိုတာလေးကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။
  2021-08-20
  8:07
4
JavaScript Comment Code
JavaScript မှာ မိမိရေးထားတဲ့ code တွေကို မ run စေချင်တဲ့အခါပဲ ဖြစ်ဖြစ်၊ ရေးထားတဲ့ code တွေမှာ note တွေမှတ်ထားစေချင်တဲ့အခါပဲ ဖြစ်ဖြစ် JavaScript Comment ကို အသုံးပြုနိုင်ပါတယ်။
  2021-08-20
  7:16
5
JavaScript Var Variable
ဒီ Series မှာ JavaScript နဲ့ ပတ်သတ်ပြီး ဘာတွေသင်ကြားပေးမလဲဆိုတာကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။ JavaScript ကိုလေ့လာဖို့အတွက် HTML နဲ့ CSS ကို သိထားရင် ပိုအဆင်ပြေပါတယ်။
  2021-09-20
  10:54
6
JavaScript Let Variable
JavaScript let variable က block scope variable အမျိုးအစား ဖြစ်ပါတယ်။ ES6 မှာပါလာတဲ့ feature လည်းဖြစ်ပါတယ်။
  2021-09-20
  7:02
7
JavaScript Const Variable
JavaScript const variable ကလည်း let variable နည်းတူ block scope variable အမျိုးအစား ဖြစ်ပါတယ်။ ES6 မှာပါလာတဲ့ feature လည်းဖြစ်ပါတယ်။
  2021-09-20
  10:59
8
JavaScript Operators
JavaScript မှာ မိမိရေးထားတဲ့ statement တွေအတွက် လုပ်ဆောင်လို့ရတဲ့ operator တွေရှိပါတယ်။ ဒီနေရာမှာ operator ဆိုတာ ပေါင်းနုတ်မြှောက်စားတွေပါမယ် တန်ဖိုးသတ်မှတ်တာတွေပါမယ် နှိုင်းယှဉ်ချက်တွေပါမယ် အကြီးအငယ် စစ်တာတွေပါမယ် စတဲ့အရာလေးတွေပါဝင်ပါတယ်။
  2021-09-20
  1:04
9
JavaScript Arithmetic Operator
JavaScript မှာ ပေါင်းနုတ်မြှောက်စားအရာတွေကို လုပ်ဆောင်ဖို့အတွက် arithmetic operator ကို အသုံးပြုပါတယ်။
  2021-09-20
  13:39
10
JavaScript Assignment Operator
JavaScript မှာ တန်ဖိုးတွေသတ်မှတ်တဲ့အခါ အထူးသဖြင့် variable မှာ တန်ဖိုးသတ်မှတ်တဲ့အခါ assignment operator ကို အသုံးပြုနိုင်ပါတယ်။
  2021-09-20
  9:05
11
JavaScript DataType Issues
JavaScript Data Type အမျိုးအစားတွေကို မှန်ကန်စွာ သတ်မှတ်နိုင်ဖို့လိုပါတယ်။ မှန်ကန်မှုရှိစေဖို့အတွက် သေသေချာချာစစ်ဆေးဖို့လည်း လိုအပ်ပါသည်။ Data type ထဲမှာ မှားသွားရင် application ထဲမှာလည်း အမှားတွေ ဖြစ်နိုင်ပါတယ်။
  2021-09-20
  4:14
12
JavaScript Data Type
JavaScript Data Type ထဲမှာ သုံးရမယ် အမျိုးအစားလေးတွေကို အကြမ်းအားဖြင့် ကြည့်ကြည့်ရအောင်။ Number, String, Boolean, Object တွေဟာ ခဏခဏသုံးရမယ် အရာတွေ ဖြစ်ပါတယ်။
  2021-09-20
  9:51
13
JavaScript Function Intro
JavaScript function တွေဟာ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ လုပ်ဆောင်ချက်တွေ၊ statement တွေကို group အလိုက် ထားချင်တဲ့ အနေအထားမျိုးတွေမှာ အသုံးပြုပါတယ်။
  2021-09-20
  8:43
14
JavaScript Function With Parameter
JavaScript function မှာ လုပ်ဆောင်ချက်တွေကို dynamically ဖြစ်စေဖို့အတွက် parameters များကို အသုံးပြုနိုင်ပါတယ်။ parameters များကို အသုံးပြုပြီး function ထဲမှာ ရှိတဲ့ JavaScript ရဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
  2021-09-20
  6:47
15
JavaScript Object Literal
JavaScript Object တစ်ခုကို ဖန်းတီတဲ့အချိန်မှာ const variable type အမျိုးအစားနဲ့ ဖန်တီးတာကို mutable (ပုံစံပြောင်းခြင်း) ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Object ထဲမှာ property and value တွေကို ဘယ်လိုထည့်လို့ရတယ်ဆိုတာရယ် property value ကို function တစ်ခုအနေနဲ့ကော ဘယ်လိုထည့်သွင်းအသုံးပြုနိုင်တယ်ဆိုတာကို တစ်ချက်လောက်ကြည့်ကြည့်လိုက်ရအောင်။
  2021-09-20
  7:24
16
JavaScript Function With Return
Function ထဲမှာ လုပ်ဆောင်ချက်တွေလုပ်ဆောင်ပြီး ရလာတဲ့တန်ဖို့ကို Return နဲ့ output ထဲပေးလို့ ရတာကို ဘယ်လိုအသုံးပြုလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ လက်တွေ့မှာ function ကို return ကို အသုံးပြုပြီးတော့ JavaScript helper functions များကို ဖန်တီးရေးသားနိုင်မှာ ဖြစ်ပါတယ်။
  2021-09-20
  7:21
17
JavaScript Object With New Keyword
JavaScript Object တစ်ခုကို curly bracket ဖြင့် ဖန်တီးနိုင်တဲ့အပြင်၊ new ဆိုတဲ့ keywords နဲ့လည်း သတ်မှတ်လို့ရတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ Object ထဲမှာ property နဲ့ value သုံးစွဲပုံကို သိရှိဖို့လည်း လိုအပ်ပါတယ်။
  2021-09-20
  8:00
18
JavaScript Events
JavaScript Event ဆိုတာဟာ website ထဲမှာ အဖြစ်အပျက်တစ်ခု ဖြစ်တဲ့အချိန်မှာအသုံးပြုတာ ဖြစ်ပါတယ်။ ဥပမာ အသုံးပြုသူက click နှိပ်လိုက်တဲ့အချိန်မှာ ဘာလုပ်ဆောင်ချက်တွေလုပ်ဆောင်ပါ၊ hover လုပ်လိုက်တဲ့အချိန်မှာ ဘာလုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပါ၊ website loading ဖြစ်တဲ့အချိန်မှာ ဘာလုပ်ဆောင်ချက်ကို လုပ်ဆောင်ပါစသဖြင့် အဖြစ်အပျက်တွေအတွက်အသုံးပြုပါတယ်။ JavaScript မှာ event တွေအများကြီးရှိပါတယ်။
  2021-09-20
  9:22
19
JavaScript String Intro
JavaScript String ကို ဖန်တီးလို့ရတဲ့ ပုံစံတွေအမျိုးမျိုးရှိပါတယ်။ string escape key word တွေကိုလည်း string တစ်ခုဖန်တီးတဲ့အခါထည့်သွင်းအသုံးပြုနိုင်ပါတယ်။ string တစ်ခုကို double quote ၊ single quote ၊ backtick character တွေကိုအသုံးပြုပြီးတော့ ပြုလုပ်ဖန်တီးနိုင်ပါတယ်။
  2021-09-20
  11:01
20
JavaScript String Methods 1
JavaScript String မှာ build in ပါပြီးသား method တွေထဲကမှ လက်တွေ့အလုပ်တွေမှာ အသုံးပြုတဲ့ method တွေဖြစ်တဲ့ slice, substring, substr တွေကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။
  2021-09-20
  12:43
21
JavaScript String Method 2
JavaScript String မှာ build in ပါပြီးသား method တွေထဲကမှ လက်တွေ့အလုပ်တွေမှာ အသုံးပြုတဲ့ method တွေဖြစ်တဲ့ slice, substring, substr တွေကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။
  2021-09-20
  9:03
22
JavaScript String Search
JavaScript Stirg မှာ search အတွက် indexOf ၊ lastIndexOf ၊ search ၊ match ၊ includes ၊ startWith ၊ EndsWith စတဲ့ method လေးတွေဟာ ရှာတာတွေနဲ့ ပတ်သတ်ပြီးတော့ အသုံးပြုပါတယ်။
  2021-09-20
  11:06
23
JavaScript String Object
JavaScript String ကို Object အနေနဲ့လည်း ဖန်တီးလို့ရပါတယ်။ new ဆိုတဲ့ key လေးကိုအသုံးပြုပြီးတော့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
  2021-09-20
  2:18
24
JavaScript Backtick
JavaScript String ကို backtick နဲ့ ရေးသားပုံကိုရှင်းပြထားခြင်း ဖြစ်ပါတယ်။ backtick feature က ES6 မှာပါလာတာဖြစ်ပါတယ်။ အဲဒါကြောင့် ES6 ကို support မပေးတဲ့ browser တွေကတော့ အလုပ်လုပ်မှာမဟုတ်ပါဘူး။
  2021-09-22
  4:59
25
JavaScript Number
JavaScript Number ကို အသုံးပြုပုံကို ရှင်းပြထားတာ ဖြစ်ပါတယ်။ JavaScript Number တွေဟာ ပေါင်းနုတ်မြှောက်စား တွေမှာသုံးပေမယ် Data type အမျိုးအစားအပေါ်မူတည်ပြီး ရရှိတဲ့ အဖြေ ကွာသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
  2021-09-25
  4:23
26
JavaScript Number Object
JavaScript မှာ Number တွေကို တန်ဖိုးသတ်မှတ်တဲ့အခါ ကိန်းဂဏန်းတွေကို တိုက်ရိုက်ထည့်ပြီးတော့ ရေးသားနိုင်သလို၊ Number object ကို တည်ဆောက်ပြီးတော့လည်းရေးသားနိုင်ပါတယ်။ Number Object နဲ့အသုံးပြုတာကတော့ JavaScript ကို လုပ်ဆောင်တဲ့အခါမှာ အနည်းငယ်နှေးစေတာကို တွေ့ရပါမယ်။
  2021-09-25
  5:06
27
JavaScript Number Methods
JavaScript မှာ ကိန်းဂဏန်းတွေကို စီမံဖို့အတွက် အဆင်သင့်လုပ်ဆောင်လို့ရတဲ့ methods တွေပါပြီးသား ဖြစ်ပါတယ်။ ဥပမာ square root ကို ရှာချင်လား ၊ sin ၊ cos ကို ရှာမလား logarithm ရှာမလား တော်တော်များများကို လုပ်ဆောင်လို့ရပါတယ်။
  2021-09-25
  9:16
28
JavaScript Array Intro
Array က JavaScript မှာ အချက်အလက်များကို တစ်စုတစ်စည်းတည်း သိမ်းဆည်းထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Data အချက်အလက်အများကြီးများကို လုပ်ဆောင်တဲ့အခါ Object ၊ Set ၊ Collection စတဲ့အရာတွေထဲက တစ်ခုခုကို ရွေးပြီး လုပ်ဆောင်ရပါတယ်။
  2021-09-25
  17:20
29
JavaScript Array Method
JavaScript မှာ Array အတွက် အဆင်သင့်လုပ်ဆောင်နိုင်ရန်အတွက် methods တွေပါပါတယ်။ ဥပမာ string ကို array ပြောင်းတာတွေ array ထဲက အချက်အလက်တွေဖယ်ထုတ်တာတွေ ပေါင်းထည့်တာတွေ စတွေ အရာတွေနှင့် အခြားအခြားသော build in method တွေကို တွေ့ရှိရပါမယ်။
  2021-09-25
  17:49
30
JavaScript Sorting
Array တွေကို အစီစဥ်တကျ စီမံနိုင်ဖို့အတွက် sort ဆိုတဲ့ method က လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲလိုပဲ စီထားတဲ့ sorting ကို ပြောင်းပြန်ပြန်လုပ်လိုက်လို့ ရပါတယ်။ sorting က string အတွက်သာမက ကိန်ဂဏန်းတွေအတွက်ပါ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
  2021-09-25
  15:55
31
JavaScript Array Iteration
Array ထဲကအချက်အလက်တစ်ခုချင်းစီကို ဆွဲထုတ်ဖို့အတွက် build in ပါပြီးသား method ဖြစ်တဲ့ forEach ၊ map တို့ကိုအသုံးပြုပြီးတော့ လုပ်ဆောင်နိုင်ပါတယ်။
  2021-09-25
  19:16
32
Array Variable
Array ကို variable နဲ့ assign လုပ်တဲ့အချိန်မှာ variable အမျိုးအစား (၃) မျိုး ဖြစ်တဲ့ var ၊ let ၊ const တွေကို ရွေးလို့ရပါတယ်။ JavaScript မှာ Array ဟာ object တစ်ခုဖြစ်တဲ့အတွက် const ကို တော့ လူသုံးများပါတယ်။
  2021-09-25
  12:21
33
JavaScript Online Editor
JavaScript ကို browser ရဲ့ developer tool console ထဲမှာ run လို့ရသလို တစ်ခြား online editor တွေကိုလည်း အသုံးပြုနိုင်ပါတယ်။
  2021-09-25
  10:16
34
JavaScript Date
JavaScript မှာ date က build in ပါပြီးသားရှိပါတယ်။ Date ကို ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။
  2021-09-25
  11:09
35
JavaScript Set Date
JavaScript Date Object ကို အသုံးပြုပြီးတော့ date တွေကို မိမိလိုသလိုသတ်မှတ်နိုင်ပါတယ်။ အချိန်တွေကို တွက်ချက်တဲ့အခါ မိမိရေးထားတဲ့ application ထဲမှာ အချိန်အတိုးအလျော့တွေ လုပ်တာတွေရှိနိုင်ပါတယ်။ ၎င်းကိစ္စကိုများကို JavaScript Date Object ကို အသုံးပြုနိုင်ပါတယ်။
  2021-09-25
  3:11
36
JavaScript Math
JavaScript ရဲ့ Math Object မှာ ကိန်းဂဏန်း တွက်ချက်မှုတွေနဲ့ ပတ်သတ်ပြီးတော့ square root တွေ လုပ်ဆောင်ခြင်း ၊ Logarithm တွေအတွက် လုပ်ဆောင်ချက် ၊ sin ၊ cos အတွက် လုပ်ဆောင်ခြင်း စတဲ့အချက်အလက်တွေပါဝင်ပါတယ်။
  2021-09-25
  9:00
37
JavaScript Random
ကိန်းဂဏန်းတွေအတွက် မတူညီတဲ့အချိန်တွေမှာ မတူညီတဲ့ ကိန်းဂဏန်းတွေ ရရှိဖို့အတွက် Math Object ထဲမှာပါတဲ့ random method ကို အသုံးပြုပြီးတော့ လုပ်ဆောင်နိုင်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
  2021-09-25
  4:28
38
JavaScript Boolean
Programming မှာ အမှားအမှန်ကို ခွဲခြားဖို့အတွက် အခြေအနေကို ဆုံးဖြတ်ဖို့အတွက် Boolean ကို အသုံးပြုပါတယ်။ Boolean မှာ <b>true/false</b> နှစ်ခုတည်းပဲ ရှိပါတယ်။
  2021-09-25
  6:43
39
JavaScript Comparison Operator
ကိန်းဂဏန်တွေကို နှိုင်းယှဥ်ဖို့အတွက် JavaScript မှာ Comparison Operator ကိုအသုံးပြုနိုင်ပါတယ်။ ဥပမာ ကိန်းဂဏန်တွေကို ကြီးလား ၊ ငယ်လား ၊ တူညီလား အဲလိုအခြေအနေတွေကို စစ်ဆေးဖို့အတွက် အသုံးပြုပါတယ်။
  2021-09-25
  9:26
40
JavaScript Comparing Different Type
တစ်ခုခုကို နှိုင်းယှဉ်တဲ့အခါ data type အမျိုးအစားတူဖို့က အလွန်အရေးကြီးပါတယ်။ တကယ်လို့များ data type အမျိုးအစားမတူတာကို နှိုင်းယှဉ်မိရင် မိမိရေးသားထားတဲ့ application ထဲမှာ အမှားတွေ ဖြစ်သွားနိုင်ပါတယ်။
  2021-09-25
  4:05
41
JavaScript Logical Operator
အခြေအနေတွေကို နှိုင်းယှဉ်တဲ့အခါ comparison operator ကိုအသုံးပြုပြီးတော့ statement အခြေအနေတွေအများကြီးကို နှိုင်းယှဉ်တဲ့အခါ logical operator နဲ့ တွဲပြီးအသုံးပြုနိုင်ပါတယ်။
  2021-09-25
  4:21
42
JavaScript Conditions Statement
မိမိရေးသားထားတဲ့ application မှာ ဘယ်အခြေအနေမှာ ဘာလုပ်ပါဆိုတဲ့ ကိစ္စတွေကို လုပ်ဆောင်ဖို့အတွက် conditional statement တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ a variable က b variable ထက်ငယ်ရင် အလုပ် A ကို လုပ်ဆောင်ပါ မဟုတ်ဘူးဆိုရင် B ကို လုပ်ဆောင်ပါ စသဖြင့် ဖြစ်ပါတယ်။
  2021-09-25
  7:26
43
JavaScript Switch Conditional
JavaScript statement အများကြီးကို conditional နှိုင်းယှဉ်ဖို့အတွက် switch conditional က အလွန်သင့်တော်ပါတယ်။ တစ်ခါတစ်လေ if else နဲ့ switch statement ကို ဘယ်ဟာသုံးရမလဲဆိုပြီး ခေါင်းထဲမှာ ပေါ်လာတာမျိုး ဖြစ်နိုင်ပါတယ်။
  2021-09-25
  6:36
44
JavaScript For Loop
Array တွေထဲမှာ ထည့်ထားတဲ့အချက်အလက်တွေကို ဆွဲထုတ်ဖို့အတွက် ဆိုရင် for loop နဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ for loop ထဲမှာ လုပ်ဆောင်ပုံလေးတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
  2021-09-25
  8:50
45
JavaScript For In Loop
For In loop ကတော့ for loop နဲ့ဆင်တူပေမယ် သူက array ကော object ကော တစ်ခုချင်းစီကို ဆွဲထုတ်နိုင်ပါတယ်။ ဒါဟာ For in loop ကို သုံးရတဲ့ အားသာချက်တွေ ဖြစ်ပါတယ်။
  2021-09-25
  5:17
46
JavaScript For Of Loop
JavaScript For of loop က Array ၊ Strings ၊ Maps ၊ Node List အတွက် အသုံးပြုနိုင်ပါတယ် ၎င်းအရာတွေထဲမှာ ရှိတဲ့အချက်အလက်တွေကို ဆွဲထုတ်နိုင်မှာ ဖြစ်ပါတယ်။
  2021-09-25
  5:08
47
JavaScript While Loop
while loop နဲ့ do while loop က ရေးပုံနည်းနည်းလေးပဲ ကွာခြားပြီး လုပ်ဆောင်ပုံက အခြား looping တွေနဲ့ အတူတူပဲဖြစ်ပါတယ်။
  2021-09-25
  4:10
48
JavaScript Break & Continue
break က မိမိ လုပ်ဆောင်နေတဲ့ statement တွေထဲမှာ break ကို ထည့်လိုက်ရင် ဆက်မလုပ်တော့ပါဘူး။ ဒါပေမယ် continue ကတော့ လုပ်ဆက်ချက်ကို ကျော်ပြီး ဆက်လုပ်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။
  2021-09-25
  4:54
49
JavaScript Iterable
Iterable ဆိုတာ ထပ်ခါထပ်ခါ ဖြစ်နေတဲ့အရာတွေကို iterable object လိုခေါ်ဆိုတာ ဖြစ်ပါတယ်။ Iterable ဟာတွေကို for of loop နဲ့ အချက်အလက်တွေကို ဆွဲထုတ်လို့ရပါတယ်။
  2021-09-25
  3:59
50
JavaScript Sets Collection
မတူညီတဲ့ တန်ဖိုးတွေကို သိမ်းဆည်းဖို့အတွက် Set object ကို အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ Array ထဲမှာ ဆိုရင် တူညီတဲ့ တန်ဖိုးတွေကို ထပ်ခါ အသုံးပြုနိင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
  2021-09-25
  6:19
51
JavaScript Primitive Type And Reference Type
Data Type ကို စဥ်းစားတဲ့အခါ primitive နဲ့ reference ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ သူတို့တွေရဲ့ လုပ်ဆောင်ပုံက တစ်ခုနဲ့တစ်ခု တူညီမှုမရှိပါဘူး။
  2021-09-25
  6:24
52
JavaScript Map
JavaScript Map Object က JavaScript Object နဲ့နည်းနည်းနဲ့တော့ ဆင်ပါတယ်။ ဒါပေမယ် Map ရဲ့ parameters ထဲမှာ Array ကို ထည့်ပြီး လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
  2021-09-25
  7:23
53
JavaScript Regular Expression
Regular expression ဟာ လက်တွေမှာ တစ်ခုခုကို ရှာတာတို့ အစားထိုးတာတို့ နေရာလေးတွေမှာ အများသောအားဖြင့် အသုံးပြုပါတယ်။ regular expression ကိုအသုံးလိုက်ရင် ပိုမိုထိရောက်တာတွေ တွေ့ရမှာ ဖြစ်ပါတယ်။
  2021-09-25
  13:15
54
JavaScript Error
JavaScript errors တွေကို စစ်ဆေးဖို့အတွက် try catch code block ကို အသုံးပြုနိုင်ပါတယ်။ တကယ်ကို code မှာ errors မရှိရင်တော့ code ကို အလုပ်လုပ်မှာ ဖြစ်ပြီးတော့ တကယ်လို့ error ရှိရင်တော့ catch ထဲကို ပို့ပေးမှာ ဖြစ်ပါတယ်။
  2021-09-25
  16:41
55
JavaScript Scope
JavaScript မှာ scope ကို သိဖို့အရေးကြီးပါတယ်။ Scope ကို စဥ်စားလိုက်ပြီ ဆိုတာနဲ့ variable type တွေထဲက ဘာကို သုံးရမလဲဆိုတာ စဥ်စားစရာ ဖြစ်လာပါတယ်။ ဒါအပြင် functions scope ၊ block scope တွေ စသဖြင့်လည်း ရှိပါသေးတယ်။
  2021-09-26
  8:53
56
JavaScript Hoisting
JavaScript မှာ variable ပဲ code block တစ်ခုပဲ ဖြစ်ဖြစ် အလုပ်လုပ်ဆောင်တဲ့အချိန်မှာ JavaScript engine က ကျွန်တော်တို့ ပေးလိုက်တဲ့ code အတိုင်း အလုပ်မလုပ်ခင် code တွေကို ပြန်ပြီးတော့ စီစဥ်ပြီးတော့ လုပ်ဆောင်ပါတယ်။ အဲလိုလုပ်ဆောင်တာမျိုးကို hoisting လုပ်ချင်းလို့ခေါ်ဆိုပါတယ်။
  2021-09-26
  12:10
57
JavaScript Use Strict Mode
JavaScript ကို ရေးသားတဲ့ တစ်ခါတစ်လေ သူ့ရဲ့ guideline and rules တွေကို မလိုက်နာပဲ ရေးလို့ရပါတယ်။ တကယ်လို့ သူ့ရဲ့ စည်းကမ်းချက်တွေကို လိုက်နာပြီး ရေးရင်တော့ strict mode တွဲသုံးတာ ပိုကောင်းပါတယ်။ ဘာဖြစ်လို့ဆိုတော့ strict mode က ရေးထားတဲ့ ရေးသားချက်တွေထဲမှာ rules တွေကို မလိုက်နာရင် error တက်မှာ ဖြစ်ပါတယ်။
  2021-09-27
  5:20
58
JavaScript This Keyword
JavaScript မှာ this ဆိုတဲ့ keyword လေးက မိမိသုံးတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး ပြောင်းနိုင်ပါတယ်။ ဥပမာ browser ရဲ့ console မှာ this ဆိုပြီး ရိုက်ထည့်လိုက်ရင် လက်ရှိ window object ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ တစ်ခြားနေရာတွေ ဖြစ်တဲ့ object တို့ function တို့မှာ သုံးရင်လည်း သူနဲ့ သက်ဆိုင်ရာတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
  2021-09-27
  10:23
59
What Is ES6 In JavaScript
ES6 ဆိုတာ ECMA Script version 6 ကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲတော့ JavaScript က ECMAScript ကို အခြေခံထားတော့ တစ်နည်းအားဖြင့် ဆိုရင် JavaScript ကို ပိုကောင်းအောင် အဆင်မြှင့်လိုက်တာလို ဆိုနိုင်ပါတယ်။
  2021-09-27
  1:43
60
JavaScript Arrow Function
Arrow Function ကတော့ JavaScript Function ကို ရေးထုံးရေးနည်းတွေ ပိုကောင်းအောင် လုပ်ထားတာပါ။ arrow function က ES6 မှာ ပါလာတာ ဖြစ်ပြီးတော့ latest browsers တွေမှာပဲ အလုပ်လုပ်မယ်လို့ ယူဆရပါတယ်။
  2021-09-27
  8:58
အကူအညီသင်သိလိုသောအချက်များစည်းကမ်းသတ်မှတ်ချက်များအချက်အလက််မူဝါဒကျွန်တော့အကြောင်း