အချက်အလက်မူဝါဒများ
နောက်ဆုံးပြင်ဆင်ခဲ့သောအချိန် ၀၁-၀၁-၂၀၂၄

Code Screencast ကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။ ကျွန်တော်တို့အနေနဲ့ website အသုံးပြုသူရဲဲ့အချက်အလက်များကို အထူးသတိပြု ဆောင်ရွက်ပါမည်။ website တွင်အသုံးပြုသူများထံမှ မည်သည့်အချက်အလက်များသိမ်းဆည်မည်၊ ၎င်းအချက်အလက်များကို ကာကွယ်ပုံတို့ကို အကြမ်းဖျင်းဖော်ပြပေးပါမည်။ ကျွန်တို့၏ website ကို အသုံးပြုခြင်းဖြင့် အောက်ပါစည်းကမ်းချက်များကို လိုက်နာမည်ဟု မှတ်ယူပါမည်။

အကောင့်ဖြင့်အသုံးပြုသူများထံမှ ရယူမည့်အချက်အလက်များ

ကျွန်တော်တို့ website တွင် အသုံးပြုသူအကောင့်တည်ဆောက်ခြင်းဖြင့် အောက်ပါအချက်အလက်များကို သိမ်းဆည်ထားမည်ဖြစ်ပါသည်။

  • အသုံးပြုသူအမည်
  • အသုံးပြုသူအီးမေးလ်လိပ်စာ
  • အသုံးပြုသူစကားဝှက် (encrypted ဖြင့် လုံခြုံစွာ သိမ်းဆည်းထားမည်၊ စကားဝှက်အား အသုံးပြုသူမှလွဲပြီး မည်သူမှမသိရှိနိုင်ပေ)

ဒါလေးတွေပါပဲ သိမ်းဆည်းမှာဖြစ်ပါတယ်။

Cloudflare

ကျွန်တို့အနေဖြင့် website အား ပိုမိုမြန်ဆန်စေရန်နှင့် လုံခြုံမှုရှိစေရန်အတွက် cloudflare နည်းပညာအားအသုံးပြုထားပါသည်။

အကောင့်အချက်အလက်များအသုံးပြုပုံ

တကယ်တော့ ကျွန်တော်တို့ website တွင်အသုံးပြုသူအချက်အလက်များအား မည်သည့်အကြောင်းအရာနှင့် အသုံးပြုဖို့ရည်ရွယ်ချက်မရှိပေ။ ကျွန်တော်တို့ website သည် အသုံးပြုသူ များထံမှ အကောင့်အမည်၊ အကောင့်အီးမေလ် နှစ်ခုကိုသာသိရှိမည် ဖြစ်ပါသည်။ ၎င်းအရာများကို သိမ်းဆည်းရခြင်းမှ ကျွန်တော်တို့ စနစ်မှ အသုံးပြုသူများကို အီမေးလ်ပိုစရာ ကိစ္စများ ပေါ်ပေါက်လာသောအချိန်တွင် အသုံးပြုရန်ဖြစ်ပါသည်။ ဥပမာ အသုံးပြုသူမှ စကားဝှက်မေ့သွားချိန်တွင် စကားဝှက်လုပ်ဆောင်ရန် အီးမေလ်လိုအပ်သောကြောင့်ဖြစ်ပါသည်။

အသုံးပြုသူများ မည်သည့်သင်ခန်းစာကို ကြည့်ခဲ့သည်၊ သင်ခန်းစာလေ့လာပြီးမပြီ စသည့်အချက်အလက်များအပါအဝင် မည်သည့်အချက်အလက်များကိုမျှ ကောက်ခံမည်မဟုတ်ပေ။ ကျွန်တို့အနေဖြင့် အသုံးပြုသူများ၏အချက်အလက်ကို လေးစားလိုက်နာမည်ဖြစ်ပါသည်။

အကောင့်ပိုင်ရှင်များ၏လုပ်ပိုင်ခွင့်

အကောင့်ပိုင်ရှင်များအနေဖြင့် အကောင့်အား ကျွန်တော်တို့စနစ်မှ အပြီးတိုင်ဖျက်ပိုင်ခွင့်ရှိသည်။ ကျွန်တော်တို့အားဆက်သွယ်ပြီး (၁)ပတ်အတွင်း အကောင့်ဖျက်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

မူဝါဒအပြောင်းအလဲ

website အပြောင်းအလဲများ သို့မဟုတ် အခြားသော လုပ်ငန်းဆောင်ရွယ်မှု၊ စည်းမျဥ်းစည်းကမ်းဆိုင်ရာများအပေါ်အခြေခံပြီး website တွင်အသုံးပြုခြင်းဖြင့် နောက်ပိုင်းပြောင်းလဲလာသော မူဝါဒအပြောင်းအလဲများကို အသုံးပြုသူများမှလက်ခံသဘောတူသည်ဟု မှတ်ယူပါသည်။

ဆက်သွယ်ရန်

အသုံးပြုသူများ၏အချက်အလက်များသော်လည်းကောင်း၊ မူဝါဒဆိုင်ရာအကြောင်းအရာများနှင့် ပတ်သတ်ပြီး မေးမြန်းလိုလျှင် ဆက်သွယ်ရန် စာမျက်နှာမှတစ်ဆင့် မေးမြန်းနိုင်ပါသည်။

အကူအညီသင်သိလိုသောအချက်များစည်းကမ်းသတ်မှတ်ချက်များအချက်အလက််မူဝါဒကျွန်တော့အကြောင်း