စည်းကမ်းသတ်မှတ်ချက်များ
နောက်ဆုံးပြင်ဆင်ခဲ့သောအချိန် ၀၁-၀၁-၂၀၂၄

Code Screencast ကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။ ကျွန်တော်တို့ website ကို အသုံးပြုသူများအတွက် အောက်ပါစည်းကမ်းသတ်မှတ်ချက်များကို သတ်မှတ်ထားရှိပါသည်။ ယခု website ကို အသုံးပြုခြင်းဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာမည်ဟု မှတ်ယူပါသည်။

Website တွင်ပါရှိသော အချက်အလက်များ ကန့်သတ်ချက်

Website တွင်ပါရှိသော အချက်အလက်များထဲမှာ ဗီဒီယိုများဖြင့် သင်ကြားပို့ချမှုများနှင့် သင်ခန်းစာများအား ရှင်းလင်းချက်များကို ကျွန်တော်တို့အနေဖြင့် ကန့်သတ်ထားပါသည်။ ထိုကြောင့် အသုံးပြုသူများအနေဖြင့်

  • အခြား website များတွင် ပြန်လည်မျှဝေခြင်း။
  • ခွင့်ပြုချက်မရှိ ပုံစံအမျိုးမျိုးဖြင့် အသုံးပြုခြင်း။
  • ခွင့်ပြုချက်မရှိပဲ ပြန်လည်မျှဝေခြင်း။

စသည့်အချက်အလက်များကို ကန့်သတ်ထားပါသည်။

သင်ကြားပို့ချမှုများဝယ်ယူခြင်း

သင်ကြားပို့ချမှုများအတွက် Plan တစ်ခုခုကို ဝယ်ယူရာတွင် အောက်ပါအချက်အလက်များကို လိုက်နာရန်လိုအပ်ပါသည်။

  • ဝယ်ယူမည့် plan အား သေချာစွာရွေးချယ်ရန်။
  • ဝယ်သင့်မဝယ်သင့်ကို စဥ်းစားဆုံးဖြတ်သောအခါ website တွင် အခမဲ့ဖော်ပြထားသော သင်ခန်းစာများနှင့် စဥ်းစားပြီးမှ ဗီဒီယိုသင်ခန်းစာများနှင့် ပတ်သတ်ပြီး အသံပိုင်းဆိုင်ရာ၊ ဖော်ပြမှုပိုင်းဆိုရာစသည့်အချက်အလက်များကို လက်ခံနိုင်မှ ဝယ်ယူစေလိုပါသည်။
  • ဝယ်ယူသည့် plan အတွက် ငွေပိုလွှဲမိခြင်းများ ရှိလာလျှင် ကျွန်တော်တို့အနေဖြင့် ပြန်လည်လွှဲပေးပါမည်။
  • ဝယ်ယူထားသည့် plan များအတွက် ပြန်အမ်းငွေ ရရှိမည်မဟုတ်သည့်အတွက် plan တစ်ခုမဝယ်မီ သေချာစွာဆုံးဖြတ်စေလိုပါသည်။
  • Plan သတ်မှတ်သည့် အချိန်ကာလအထိသာ ဗီဒီယိုများကို ကြည့်ရှုခွင့် ရရှိမည် ဖြစ်ပါသည်။
  • lifetime Plan ဝယ်ယူသူများအနေဖြင့် ဗီဒီယိုများကို website အလုပ်လုပ်နေသမျှ ကာလပတ်လုံး အသုံးပြုခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။
သင်ကြားပို့ချမှုဆိုင်ရာ စည်းကမ်းချက်များ

နည်းပညာများသည် အမြဲတမ်းပြောင်းလဲနေသည့်အတွက် ဗီဒီယိုသင်ခန်းစာများတွင် ပါရှိသည့်အချက်အလက်များသည် အမြဲတမ်းမှန်ကန်နေမည်ဟု မဆိုလိုပေ။ သင်ခန်းစာများမှာ code များအား တိုက်ရိုက် ကူးယူခြင်းကို ကျွန်တော်တို့အနေဖြင့် အားမပေးလိုပေ။ သင်ခန်းစာများထက် ပိုကောင်းမွန်သော code များကို ရေးနိုင်မည်ဟု မျှော်လင့်ပါသည်။

စည်းကမ်းသတ်မှတ်ချက်များအပြောင်းအလဲ

website အပြောင်းအလဲများ သို့မဟုတ် အခြားသော လုပ်ငန်းဆောင်ရွယ်မှု၊ စည်းမျဥ်းစည်းကမ်းဆိုင်ရာများအပေါ်အခြေခံပြီး website တွင်အသုံးပြုခြင်းဖြင့် နောက်ပိုင်းပြောင်းလဲလာသော စည်းကမ်းသတ်မှတ်ချက်များကို အသုံးပြုသူများမှလက်ခံသဘောတူသည်ဟု မှတ်ယူပါသည်။

ဆက်သွယ်ရန်

အသုံးပြုသူများ၏အချက်အလက်များသော်လည်းကောင်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သတ်ပြီး မေးမြန်းလိုလျှင် ဆက်သွယ်ရန် စာမျက်နှာမှတစ်ဆင့် မေးမြန်းနိုင်ပါသည်။

အကူအညီသင်သိလိုသောအချက်များစည်းကမ်းသတ်မှတ်ချက်များအချက်အလက််မူဝါဒကျွန်တော့အကြောင်း